DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလ သတင်းအမှားများ ရေးသားဖြန့်ဝေမှု ကော်မရှင်သတိပေး
DVB
·
July 24, 2019
ရွေးကောက်ပွဲကာလ သတင်းအမှားများ ရေးသားဖြန့်ဝေမှု ကော်မရှင်သတိပေး
Donate to DVB

ရွေးကောက်ပွဲကာလမှာ သတင်းအမှားတွေကို ရေးသားဖြန့်ဝေမှုတွေကြောင့် ပြည်သူတွေ အထင်အမြင်လွဲမှားသွားနိုင်တဲ့အတွက် မီဒီယာတွေအနေနဲ့ ကျင့်ဝတ်စောင့်ထိန်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက တိုက်တွန်းပြောပါတယ်။ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း မီဒီယာရဲ့ အခန်းကဏ္ဍအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။ 

သတင်းမီဒီယာတွေအနေနဲ့  နိုင်ငံတော်အကျိုးအတွက် မျှော်ကိုးပြီး ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ မှန်ကန်မှုရှိတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုသိရှိစေဖို့ ဆောင်ရွက်ပေး စေလိုကြောင်း၊ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ပြည်သူလူထုထံရောက် ရှိပါက ရွေးကောက်ပွဲမှာ မလိုလား အပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် သတင်းမီဒီယာတွေ အနေနဲ့ ဘက်မလိုက်ရေးသားတာ မလုပ်ဖို့လည်း ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်း ပြောပါတယ်။

မီဒီယာတွေအနေနဲ့ ပါတီတခု၊ လူပုဂ္ဂိုလ်တဦးကို ဘက်လိုက်ရေးသားဖော်ပြမယ် ဆိုရင်လည်း ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှမှု ပွင့်လင်းမြင်သာမှု၊ ပြည်သူ့တွေရဲ့ ဆန္ဒနဲ့ တထပ်တည်းကျရမယ်ဆိုတဲ့ ရည်မှန်းချက်တွေအပေါ်ကို ထိခိုက်မှုတွေရှိ တာကြောင့် သတိမှု ဖော်ပြဖို့ကိုလဲ ပြောဆိုခဲ့ပါသေးတယ်။

ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ဖို့ သတင်းမီဒီယာရဲ့အခန်းကဏ္ဍ အရေးပါ ကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတွေကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ပွဲ ရလဒ် တထပ်တည်းဖြစ်စေမှုဆိုတဲ့  စံ (၅) ချက်နဲ့ အညီ ကျင်းပသွားမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကပြောသွားပါတယ်။ 

တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားတင်ပြတာတွေ၊ ရွေးကောက်ပွဲ နည်းဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013