DVB Logo
Home
မြန်မာသတင်း
အန်စီအေလုပ်ငန်းစဉ် တပ်မတော်မူ ၆ ချက်ဖြင့် ထိန်းချုပ်ခံနေရဟု နိုင်ငံတကာ ကရင်အဖွဲ့ဝေဖန်
DVB
·
July 24, 2019
အန်စီအေလုပ်ငန်းစဉ် တပ်မတော်မူ ၆ ချက်ဖြင့် ထိန်းချုပ်ခံနေရဟု နိုင်ငံတကာ ကရင်အဖွဲ့ဝေဖန်
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်(အန်စီအေ) လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ  တပ်မတော်ရဲ့ မူ ၆ ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နဲ့ ထိန်းချုပ်ခံနေရတယ်လို့ နိုင်ငံတကာကရင်အဖွဲ့ (အိုင်ကေအို) က ထုတ်ပြန်ပါတယ်။

ဒီလိုထိန်းချုပ်ထားတဲ့အတွက် တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည်ရောက်ရှိဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ နိုင်ငံတကာကရင်အဖွဲ့ (အိုင်ကေအို) ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

ဆွီဒင်နိုင်ငံ Orebroမြို့မှာ ဇူလိုင် ၁၇ ကနေ ၁၉ ရက်အထိ ပြုလုပ်တဲ့ အိုင်ကေအိုအဖွဲ့ရဲ့ တတိယအကြိမ်မြောက်ညီလာခံအပြီး ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိကာလမှာ တပ်မတော်က တိုင်းရင်းသားလူမျိုးစုတို့ရဲ့ နယ်မြေတွေမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအခြေခံမူဝါဒ (၆)ချက်ကတော့  ငြိမ်းချမ်းရေးရယူဖို့ အမှန် တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်တွေကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက် တွေကို အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်တဲ့တည်ဆဲဥပဒေတွေကို တိတိကျကျလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီ အနှစ်သာရတွေကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီကိုလျှောက်လှမ်းရာမှာ လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။ 

အန်စီအေလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကိုယ်စားလှယ်၊ စစ်တပ်ကိုယ်စားလှယ်တွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေးမှာ တခု တည်းသော တပ်မတော်ထားရှိရေးကို ကေအန်ယူ ထပ်သီးခေါင်းဆောင်တွေက မိမိအဖွဲ့အစည်း အတွင်း ကြိုတင်ဆွေးနွေးမှုမရှိဘဲ လက်ခံခဲ့တာကြောင့် ကေအန်ယူအဖွဲ့အတွင်း မပြေလည်မှုတွေ ဖြစ်ခဲ့တယ်လို့ လည်း အိုင်ကေအိုက ဆိုပါတယ်။

အဲဒီအချိန်ကစပြီး ကေအန်ယူဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တရားဝင်အစည်းအဝေးတွေ တက်ရောက်ခြင်းကို ရပ်ဆိုင်းခဲ့တာ ဒီကနေ့ အထိဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက  တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် ၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တဲ့ အပေါ်မှာလည်း အိုင်ကေအိုက ထောက်ခံကြိုဆိုကြောင်းနဲ့ တခြားနိုင်ငံတွေအနေနဲ့ အလားတူ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013