DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်
DVB
·
July 23, 2019
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ကျော်ဟာ ဆန်နဲ့ တခြားစားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ချင်းပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ 

တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် (အေအေ)တို့ အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခခံစားနေကြရတဲ့ ချင်းပြည်နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဇူလိုင်လ  ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မှာ သတင်းစာရှင်းလင်း ပြောကြားလိုက် တာပါ။

ကလေးမြို့က ချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့ဝင်တွေ၊ ဖလမ်း၊ ဟားခါး၊ မင်းတပ်မြို့နယ်တွေက အလှူရှင်အဖွဲ့တွေဟာ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပေမယ့်  ဒေသခံ စစ်တပ်ကလည်း ဆန်တွေသယ်ဖို့ ခွင့်မပြုဘူးလို့သိရပါတယ်။

ချင်း အရပ်အဖက်အဖွဲ့အစည်းဖိုရမ်အဖွဲ့ဝင် လိုင်းမာန်ဟုန်းက “ကျနော်တို့ ဆန်တွေသယ်ချင်တယ်။ ဒါပေမယ့် ခွင့်မပြုဘူး။ ခွင့်မပြုဘူးဆိုတာ တပ်ကခွင့်မပြုတာ။ တပ်ကဖြတ်ထားတော့ ဟိုဘက်မှာ အဆင်မပြေတော့ဘူး။ ကျနော်တို့ ကြားသိရတာဆို သူတို့ သဲသယ်၊ ကျောက်ထမ်း လုပ်တာ တောင် တနေကုန် ၁၂၀၀ လောက်ပဲရတယ်။ အဲ့အလုပ်ရဖို့တောင် တလလောက်နေမှ သုံးကြိမ် လေးကြိမ်ပဲရနိုင်တယ်။ ပြီးတော့ အဲ့ပိုက်ဆံနဲ့ သူတို့ဆန်​ဝယ်မယ်ဆိုရင်တောင် ဝယ်ဖို့ ဆန် မရှိဘူး။ သယ်ယူရေးမှာ ဆန်ကို သယ်ခွင့်မပြုဘူး။ လမ်းကြောင်းရှင်းတဲ့အချိန်ပဲ အုပ်ချုပ်ရေးမှူးက တဆင့် သယ်ခွင့်ပေးတာတော့ရှိပေမယ့် အနည်းငယ်ပဲ သယ်ခွင့်ပေးတယ်။ လုံလောက်မှုမရှိဘူး”လို့ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ အများဆုံးရှိတဲ့ ပလက်ဝမြို့နယ် မီးစာဒေသမှာဆို ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ခံထားရပါတယ်။ ဒေသခံတွေဟာ ကြက်သွန်နီကိုတောင် မမြင်ရတာ အတော်ကြာပြီဖြစ်ပြီး ဆားနဲ့ပဲ ထမင်းစားနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေတပ်ဖွဲ့တွေ ချင်းပြည်နယ် ပလက်ဝကို စတင်ဝင်ရောက်လာတုန်းက ကြက်၊ဝက် စတာတွေကို ဒေသခံတွေဆီက ပိုက်ဆံမပေးဘဲယူတာမျိုးတွေရှိပြီး  ဆန်တအိတ်ကို တဝက်ဈေး ပေးကာ ဝယ်ယူခဲ့တဲ့ကြောင်း နောက်ပိုင်းတွေမှာတော့ ဆန်တွေကို အလကား ယူတာမျိုးတွေ ရှိတယ်လို့ ကလေးမြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ  ဆလိုင်းဗန်ေ ထာင်းထန်ကပြောပါတယ်။

အေအေအဖွဲ့က ဖမ်းဆီးသွားတဲ့ ဒေသခံ ၅၃ ယောက်အနက်  ၁၂ ယောက်သာပြန်လာခဲ့ပြီး အသက်ကြီးပိုင်း အမျိုးသမီးတဦးသေဆုံးခဲ့ကာ  နောက်အမျိုးသမီးတဦးလည်း လမ်းမှာတင် ကလေးမီးဖွားခဲ့ရပါတယ်။

ပညာရေးပိုင်းမှာလည်း စာသင်ကျောင်း ၁၁၈ ကျောင်းပိတ်ထားရပြီး စာသင်ကြားပေးတဲ့ ဆရာတွေမှာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမရှိတာကြောင့် ကျောင်းသား ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်နဲ့ အေအေတို့အကြား စစ်ပွဲတွေကို ရပ်ဆိုင်းအောင် လုပ်ပေးဖို့  ချင်းပြည်နယ် လူငယ်များအသင်းဥက္ကဋ္ဌ ဆလိုင်းအာမင်က တောင်းဆိုလိုက်တယ်။

တွယ်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013