Home
မြန်မာသတင်း
ကျောင်းမုန့်​​ဈေးတန်းများတွင်​ မြန်​မာ့ရိုးရာမုန့်​ ပြန်​ရောင်းချနိုင်​​ရေး လက်လုပ်မုန့်​ပွဲပြုလုပ်
DVB
·
July 23, 2019
67220719_2406243059619105_639701182209589248_o
67366405_2406243156285762_245727963906048000_o
67316441_2406242872952457_8811291721762603008_o
67084679_2406242979619113_2704930361040699392_o
မကွေးတိုင်းဒေသကြီး ရေနံချောင်း အ.ထ.က(၁) ​ကျောင်းမုန့်​​ဈေးတန်းတွေမှာ မြန်​မာ့ရိုးရာမုန့်​ ပြန်​လည်​  ရောင်​ချနိုင်​​ရေး မြန်မာ့ရိုးရာ လက်လုပ်မုန့်ပွဲကို ဒီနေ့ နေ့လယ်ပိုင်းက ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်က ဦးဆောင်ပြီး ပထမဆုံးအကြိမ်အဖြစ်ကျင်းပပါတယ်။ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရွှေဝင်း က “မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကလေးသူငယ်တွေ အားလုံးအတွက် မြန်မာ့ရိုးရာမုန့်တွေကို ဖော်ထုတ်ပြီးတော့ ကျောင်း မုန့်စားတန်းတွေမှာ ပြန်လည်စားသုံးနိုင်အောင် ရည်ရွယ်ပြီး လုပ်ရတာဖြစ်ပါတယ်။ မြန်မာမုန့်တွေ အနေနဲ့ လည်းတင်တဲ့အခါ ကြာရင် အရည်အသွေးညံ့သွားမှာစိုးလို့ မုန့်လုပ်သူကို အော်ဒါကြိုမှာ စနစ်နဲ့ လုပ်ပြီးလုပ်ငန်းလုပ်သူကို အရှုံးမရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။   မုန့်ပွဲတော်မှာ မြန်မာရိုးရာ လက်လုပ်မုန့် အမျိုး ၂၀ ကျော် ပါဝင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို အခမဲ့စားသုံးစေပြီး ၎င်းတို့က အကြိုက်ဆုံးအဖြစ် မှတ်ချက်ပေးတဲ့ လက်လုပ်မုန့် ၅ မျိုးကို ကျောင်းမုန့်ဈေးတန်းမှာ အမြဲထားရှိ ရောင်းချနိုင်ရေးကိုလည်း ဆောင်ရွက်သွားမယ့်အပြင် ​ရောင်းချသူကို ​ အတိုးမဲ့ ထုတ်​​ချေးသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာ့ရိုးရာ မုန့်ပြပွဲ ပြိုင်ပွဲ စီစဉ်ပေးသူ ဒေါ်ခင်နှင်းယု က “မုန့်အမျိုးအစား ကတော့ လက်လုပ်မုန့်တွေက ဆန်၊ ထန်းလျှက်၊ အုန်းသီးနဲ့ လုပ်တာများပါတယ်၊မြန်မာမုန့်အနေနဲ့ကတော့ တော်တော်လေးအားနည်းနေတာ တွေ့ရတယ်။ ကြည့်ရရင်လည်း စိတ်မချမ်းသာစရာပါ။ ဒါပေမယ့်လည်း ကျန်မာရေးအတွက်တော့ တော်တော်ကောင်းတာကြောင့် ပေါ်လွင်စေချင်တယ်။ ကျောင်းမုန့်ဆိုင်တန်းတွေမှာဆိုရင်လည်း မြန်မာမုန့်က မရှိသလောက်ရှားနေပြီ ကျောင်းသား တွေကို အကြိုက်ဆုံး လက်လုပ်မုန့် ရွေးချယ်ပါလို့ စစ်တမ်းကောက်ကြည့်တော့ကို မြန်မာမုန့်ကို မသိတဲ့သူများနေပြီ” လို့ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ရွှေပါရမီ တောရဆရာတော် အရှင်စန္ဒာဓိကနဲ့ တပည့်တွေက ရေနံချောင်း ဖူးစာကုန်းမြေမှာ သစ်ပင် ၁၀၀၀ ကျော်ကိုလည်း ကုသိုလ်ပြု စိုက်ပျိုးခဲ့ကြပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024