DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကရင်လက်နက်ကိုင်အဖွဲ့ ပူးပေါင်းပါဝင် ကူညီမည်
DVB
·
July 23, 2019
လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကရင်လက်နက်ကိုင်အဖွဲ့ ပူးပေါင်းပါဝင် ကူညီမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က  တတ်နိုင်သလောက် ၀ိုင်းဝန်းဆောင်ရွက်သွားမယ်လို့ ကေအန်ယူ၊ ကေအန်အယ်လ်အေ(ငြိမ်းချမ်းရေးကောင်စီ) ဗိုလ်မှူး စောအောင်ကျော်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ လူကုန်းကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာတွေနဲ့ ပတ်သက်ပြီး မြ၀တီမြို့မှာ ဇူလိုင်လ ၂၂ ရက်က  ပြောဆိုလိုက်တာပါ။

ဗိုလ်မှူးစောအောင်ကျော်က “လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၀ိုင်းဝန်းကူညီဖို့ ဖမ်းဆီးပေးဖို့ တတ်နိုင်တဲ့ဘက်ကနေပြီး လူအား၊ ငွေအား နှုတ်၏စောင့်မခြင်း၊ ကိုယ်၏စောင့်မခြင်း ၀ိုင်းဝန်းကူညီပေးဖို့ အထက်က လူကြီးတွေလည်း ညွှန့်ကြားထားတယ်”လို့ ပြောပါတယ်။

မြ၀တီမြို့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲ၊ အမှတ် ၈ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲနေ၀င်းအောင်က “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အခုနောက်ပိုင်း ကျနော် ရောက်လာတဲ့အချိန်ကစပြီး အသိပညာဟောပြောပွဲတွေကို ရသလောက်ဝေငှပေးပါတယ်။ ကျနော်တို့ သွားလို့ရသလောက်နေရာတွေ ရပ်ရွာတွေအားလုံးကို နယ်စပ်ဆက်ဆံရေးရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်”လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့မှာ ၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးခံရတဲ့အမှု ၂ မှုဖြစ်ပွား ခဲ့ရာမှာ လူကုန်းကူးခံရသူ ၃ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့သလို ကျန်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ် ၂ နှစ်တာအတွင်းမှာ အမှု ၂ မှုဖြစ်ပွားခဲ့ရာမှာ လူကုန်ကူးခံရသူ ၃ ဦးကို ကယ်တင်နိုင်ခဲ့သလို ပြစ်မှုကျူးလွန်သူ ၇ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၉ ခုနှစ် မေလအထိ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် လူကုန်ကူးမှုဖြစ်ပွားခဲ့ရာမှာ ရှမ်းပြည်နယ်က ၁၁ မှု၊ ရန်ကုန်တိုင်း ၅ မှု၊ ကရင်ပြည်နယ် ၂ မှု၊ ဧရာဝတီတိုင်း ၂ မှု၊ မန္တလေးတိုင်း ၂ မှု၊ ပဲခူးတိုင်း၂ မှု၊ ကချင်ပြည်နယ် ၁ မှုနဲ့ နေပြည်တော်မှာ ၁ မှုဖြစ်ပွားခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုပပျောက်ရေးအတွက် ထိရောက်တဲ့ တားဆီးမှုတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ပြဋ္ဌာန်းထားတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာအဆိုးဝါးဆုံး နိုင်ငံတွေ အဆင့် အဆင့် ၃မှာ ပါဝင်တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနကရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။  

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013