DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို တရုတ်ခရီးသွား ယခင်နှစ်ကထက် ၂ ဆကျော်ဝင်ရောက်
DVB
·
July 23, 2019
မြန်မာနိုင်ငံကို တရုတ်ခရီးသွား ယခင်နှစ်ကထက် ၂ ဆကျော်ဝင်ရောက်
Donate to DVB

အခုနှစ်ဝက်အတွင်း မြန်မာနိုင်ငံကို တရုတ်က ခရီးသွားတွေ အရင်နှစ်နဲ့ယှဉ်ရင် ၂ ဆကျော် ပိုဝင်လာခဲ့ပြီး တခြားအာရှနိုင်ငံတွေ၊ အမေရိကနဲ့ ဥရောပနိုင်ငံတွေကတော့ လျော့သွားပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့စာရင်းတွေအရ ဒီနှစ်ဆန်း ကနေ ဇွန်လအထိ တရုတ်ခရီးသွား ၃ သိန်းကျော်ဝင်ရောက်ခဲ့တာပါ။

အာရှတိုက်ထဲက ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ မလေးရှားခရီးသွားတွေ ဝင်ရောက်တာ လျော့နည်းသွားပြီး ထိုင်းနဲ့ မလေးရှားတို့က ၁၁ ရာခိုင်နှုန်းစီ လျော့ကျသွားသွားပါတယ်။

အာရှနိုင်ငံတွေက ခရီးသွားစုစုပေါင်းဟာ ၄ သိန်းကျော်ရှိပြီး တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့က ခရီးသွားကတော့ ၃၄၀,၀၀၀ လောက်ရှိနေပါတယ်။

တရုတ်ကလာတဲ့ခရီးသွားတွေဟာ တရုတ်ပိုင်ဟိုတယ်တွေမှာပဲတည်းတာ၊ သူတို့နဲ့ ပတ်သက်တဲ့ ဆိုင်တွေမှာပဲ ဝယ်ယူတာ၊ ဧည့်လမ်းညွှန်မသုံးဘဲ စကားပြန်ကိုပဲ သုံးတာတွေ ကြောင့် အခွန်အခ မရဘဲဖြစ်နေပြီး ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနဦးဆောင်ပြီး စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ထားရပါတယ်။

အမေရိကန်နိုင်ငံသားတွေဝင်ရောက်တာ နည်းနည်းတိုးလာခဲ့ပြီး ကနေဒါနဲ့ တခြား အမေရိကတိုက်ကနိုင်ငံတွေလာတဲ့ ဧည့်သည်တွေကတော့ လျော့ကျခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ရုရှား၊ နဲ့ တခြားအနောက်ဥရောပနိုင်ငံတွေ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြားပင်လယ်သမုဒ္ဒရာနိုင်ငံက ခရီးသွားတွေလည်း သိသိသာသာ လျော့ကျခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နဲ့ တခြား အာရှနိုင်ငံတွေက ဝင်ရောက်တာတိုးလို့ ဗီဇာနဲ့ ဝင်ရောက်လာသူ စုစုပေါင်းမှာတော့ အရင်နှစ်ကာလတူထက် သုံးပုံတပုံတိုးလာခဲ့တာပါ။

အပျော်စီးသင်္ဘောနဲ့ဝင်ရောက်သူ လျော့နည်းခဲ့ပြီး နယ်စပ်မှာဝင်ရောက်သူ စုစုပေါင်းက တော့ အရင်နှစ်ထက် ၂ သိန်းလောက်တိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013