DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တချို့ ကျောက်ဖြူမြို့သို့ လာရောက်ခိုလှုံနေ
DVB
·
July 22, 2019
အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တချို့ ကျောက်ဖြူမြို့သို့ လာရောက်ခိုလှုံနေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာနေပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်ကာ နီးစပ်ကျေးရွာတွေနဲ့ ကျောက်ဖြူမြို့ပေါ်ရှိ ဆွေမျိုးတွေထံသို့ စစ်ဘေး တိမ်းရှောင် သွားရောက် ခိုလှုံနေကြပါတယ်။

အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု မဲသံကြိုးကျေးရွာအနီးမှာ ဇူလိုင် ၁၉ ရက်က မြန်မာ့တပ်မတော်နဲ့ အေအေရခိုင့်တပ်တော်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒုက္ကံကျေးရွာ အနီးရှိ လယ်ကွင်းထဲကို လက်နက်ကြီး ကျည်ဆန်အချို့ကျရောက်ခဲ့လို့ ရွာသားတွေ ထွက်ပြေးခဲ့ကြရရတာပါ။

ဒုကံ္ကကျေးရွာသားတဦးက “အဲဒီတိုက်ပွဲဖြစ်တဲ့နေ့က ကျနော်တို့ကျေးရွာက လယ်ကွင်းမှာ လက်နက်ကြီး ကျည်ဆန်သုံး လေးလုံးလောက်ကျတယ်၊ အဲဒါကြောင့် ကျေးရွာနေတဲ့သူတွေက ထိတ်လန့်ပြီးတော့ အနီးအနားက ရွာတွေကိုထွက်ပြေးကြတယ်။ တချို့ဆိုရင် အမ်းမြို့နယ်ကို လည်း ထွက်ပြေးကြတာတွေလည်းရှိတယ်၊ ဒီကိုလာတာကတော့ လူ ၃၀ ကျော်လောက်ပါတယ်။ ကျောက်ဖြူမှာက ဆွေးမျိုးတွေရှိတော့လေ၊ ရွာမှာကတော့ ယောင်္ကျားတချို့လောက်ပဲ ကျန်ခဲ့တယ်” လို့ပြောပါတယ်။

အဆိုပါဒုကံ္ကကျေးရွာမှာ ရွာသူရွာသားများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူ များပြားတာ ကြောင့် အခုလိုတိုက်ပွဲတွေဖြစ်ပွားလာတဲ့အတွက် နေထိုင်စားသောက်ရေးအတွက် အခက်အခဲ တွေ ရှိလာနိုင်သလို ကျောင်းနေကလေးတွေမှာလည်း ပညာသင်ကြားဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒုက္ကံကျေးရွာသားတဦးက “အခုလိုအချိန်မှာက ရွာမှာက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကျတဲ့အချိန်ဖြစ် နေတယ်၊ တိုက်ပွဲဖြစ်တာဆိုတော့ လယ်ကလည်းမလုပ်ရဲတော့ဘူးပေါ့၊ ရွာမှာကအများအားဖြင့် လက်လုပ်လက်စားတွေများတော့ တနေ့ရှာမှတနေ့စားရတာဆိုတော့ အခက်အခဲတွေအများကြီး ရှိတာပေါ့၊ ကလေးတွေလည်းကျောင်းလည်းမတက်ရဲတော့ဘူးလေ၊ အကုန်လုံးက ထွက်ပြေးနေကြရတာဆိုတော့၊ ကျောင်းတွေကိုလည်း ပိတ်ထားရတာပေါ့” လို့ပြောပါတယ်။

ဒုက္ကံကျေးရွာဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မဲသံကြိုးကျေးရွာနဲ့ နှစ်မိုင်ကျော်လောက် ဝေးပြီး အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိကာ ချင်းလူမျိုးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013