DVB Logo
Home
မြန်မာသတင်း
H1N1 ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသူ  ၆၅ ဦးထိ ရှိလာ
DVB
·
July 22, 2019
H1N1 ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသူ  ၆၅ ဦးထိ ရှိလာ
Donate to DVB

ရာသီတုပ်ကွေးရောဂါ H1N1  ပိုးကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ဇူလိုင် ၂၁ ရက်အထိ မြန်မာတနိုင်ငံလုံးမှာ ၆၅  ဦး ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ သေဆုံးသူတွေ အရေအတွက် ၅၂ ဦးရှိသွားပြီဖြစ်ကာ ဧရာဝတီတိုင်း ဒေသကြီးမှာ ၄ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ ဦး နဲ့ မွန်ပြည်နယ်မှာ ၃ ဦး ကချင်ပြည်နယ်မှ ၁ ဦး မကွေးတိုင်းမှ ၁ ဦး ဖြစ်ပါတယ်။ 

တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ H1N1 ရောဂါပိုး သံသယလူနာ ၈၂၄ ဦး ရောဂါပိုး ကူးစက်ခံထားရသူ ၃၄၉ ဦး ရှိပါတယ်။ သံသယလူနာနဲ့ကူးစက်ခံထားရသူအရေအတွက်ဟာ တရက်ထက်တရက်တိုးလာတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။  

ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ အဲ့ရောဂါပိုးတွေ့ရှိရပြီး ပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုအများဆုံးက ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက ရောဂါပိုးကူးစက်တာအများဆုံးရှိတဲ့ မြို့နယ်တွေကတော့  လူဦးရေ ထူထပ်တဲ့ နေရာတွေဖြစ်တဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေ ဖြစ်ပါတယ်။ 

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာတွေက နေ့စဉ် ကူးစက်သူဦးရေ မြင့်တက်နေပြီး သက်ကြီးရွယ်အို၊ ၅နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါပိုးကူးစက်ခံပါ့ ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ 

သာမာန်လူတွေ အနေနဲ့က ရောဂါ မကူးစက်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေး နည်လမ်းတွေကို လုပ်ဆောင်သင့်တယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013