DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲကာလ ၆ လအတွင်း  မိုင်းထိမှန်သူ အရပ်သား ၂၉ ရှိပြီး ၁၁ ဦးသေဆုံး
DVB
·
July 22, 2019
ရခိုင်တိုက်ပွဲကာလ ၆ လအတွင်း  မိုင်းထိမှန်သူ အရပ်သား ၂၉ ရှိပြီး ၁၁ ဦးသေဆုံး
Donate to DVB

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့တိုက်ပွဲကာလ ၆ လအတွင်းမှာ  မိုင်းနဲ့ စစ်ကျန် လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၂၃ ခုရှိခဲ့ပြီး မိုင်းထိသူ အရပ်သား၂၉ ဦးနဲ့ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေ အဖွဲ့ UNICEF က ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်တယ်လို့ ကုလသမဂ္ဂကလေး များရံပုံငွေအဖွဲ့ UNICEFရဲ့ မိုင်းအန္တရာယ် အသိပညာပေး ကာကွယ်ရေးလုပ်ငန်း အရာရှိ ဦးကျော်ဝင်းဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဇန်နဝါရီလကနေ ဇွန်လအထိ ရခိုင်ပြည်နယ်မှာဆိုရင် မိုင်းစစ်ကျန်လက်နက်ပေါက်ကွဲမှု ၂၃ ခုဖြစ်ပါတယ်။ ဒီ ၂၃ ခုဖြစ်စဉ်မှာ လူပေါင်း ၂၉ ဦးထဲမှာ ထိခိုက်ဒဏ်ရာရသေဆုံးတဲ့ အထဲမှာပါပါတယ်။ အဲ့ဒီ၂၉ ဦးအထဲမှာ ကလေးသူငယ် ၈ ဦးပါတယ်။ ၅ ဦးသေဆုံးသွားတယ်။ လူကြီး ၆ ဦးသေဆုံးတယ်။ စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ရပါတယ်”လို့ပြောပါတယ်။

အဲဒီစာရင်းတွေဟာ အစိုးရဝန်ကြီးဌာန ၁၀ ခု၊ INGO နဲ့ NGO အဖွဲ့ပေါင်း ၄၀ ကျော်က ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့က တရားဝင်ပြုစုထားတာလို့ UNICEF အရာရှိ ဦးကျော်ဝင်းဦးကဆိုပါတယ်။

အဲဒီလို မိုင်းအန္တရာယ်နဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်ကို လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေအပါအဝင် မြို့နယ် ၁၀ ခုက ပညာရေးဌာနနဲ့ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူ ၃၀ ကျော်ကို စစ်တွေမြို့မှာ ဇူလိုင် ၂၀ ရက်ကနေ ၂၁ ရက်အထိ ၂ ရက်တာကြာ ဆရာဖြစ်သင်တန်းပို့ချခဲ့ပါတယ်။

အဲ့ဒီနေတဆင့် မြို့နယ်အသီးသီးမှာရှိကြတဲ့ ကျောင်း ၃၀၀ ကျော်ထဲမှာရှိတဲ့ ဆရာ၊ဆရာမ၊ ၆၀၀ ကျော်ကို ဆင့်ပွားသင်းတန်း တရက်သင်တန်းပေးသွားမှာဖြစ်တယ်လို့ စစ်တွေရုံး UNICEF ယာယီတာဝန်ခံဒေါ်ခင်မိုးအေးကပြောပါတယ်။

“သူတို့ကနေတဆင့် သက်ဆိုင်ရာမြို့နယ်တွေပြန်ရောက်သွားလို့ရှိရင် စုစုပေါင်း ကျောင်း ၃၀၀ ကျော်ထဲမှာရှိတဲ့ ဆရာ၊ဆရာမ၊ ၆၀၀ ကျော်ကို ဆင့်ပွားသင်တန်း တရက်သင်တန်းပေးသွား မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ဆရာဆရာမတွေက တတဆင့်ကျောင်းပေါင်း ၃၀၀ မှာရှိတဲ့ ကျောင်းသူ ကျောင်းသားပေါင်း ၆၄၀၀၀ ကျောက် မိုင်းနဲ့ပတ်သက်လို့ အန္တရာယ်ရှိတာတွေကို အသိပညာပေးတာတွေကို ဆက်လက်လုပ် ဆောင်သွားမှာပါ”လို့ပြောပါတယ်။

သင်တန်းပို့ချလို့အပြီးမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာ လိုအပ်တဲ့ အသိ ပညာပေး ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေကို UNICEF က ဖြန့်ဝေသွားဖိုရှိနေပါတယ်။

၂၀၁၈ ဒီဇင်ဘာလကစတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက် ၅၀၀၀၀ ကျော်အထိရှိလာသလို အရပ်သားတွေဖမ်းဆီးခံရတာနဲ့ သေဆုံး၊ ပျောက်ဆုံးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013