DVB Logo
Home
မြန်မာသတင်း
ငွေကြေးအခက်အခဲရှိသည့် အလုပ်တဖက်နှင့် ကျောင်းသားများကို Figure Institute က ပညာသင်ဆုပေးမည်
DVB
·
July 22, 2019
ငွေကြေးအခက်အခဲရှိသည့် အလုပ်တဖက်နှင့် ကျောင်းသားများကို Figure Institute က ပညာသင်ဆုပေးမည်
1 / 3
Donate to DVB

ငွေကြေးအခက်အခဲရှိနေတဲ့ အလုပ်တဖက်နဲ့ ကျောင်းသားတွေအတွက် Figure Institute က ရာနှုန်းပြည့်ပညာသင်ဆု  စီစဉ်ထားတယ်လို့သိရပါတယ်။

UK အသိအမှတ်ပြုကျောင်းတကျောင်းဖြစ်တဲ့  Figure Institute က ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မှာ နိုင်ငံခြားပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့တာပါ။

မြန်မာပြည်ပညာရေးလောကမှာ UKနိုင်ငံကကျောင်းတွေရဲ့ ပညာရေး ထောက်ပံ့ပေးမှုေ တွက တခြားနိုင်ငံတွေထက် ပိုများတယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံကကျောင်းသားတွေက ယူထားတဲ့ဘာသာရပ်တွေမှာ ထူးချွန်ကြပေမယ့် အင်္ဂလိပ်စာမှာ အားနည်းတာကြောင့် အခက်အခဲရှိတာတွေတွေ့ရတယ်လို့ Figure Institute ကျောင်းရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

အဲဒါကြောင့် ကျောင်းသားတွေအနေနဲ့ General IELTS နဲ့ ပတ်သက်ပြီး အနည်းဆုံးလေ့လာထားဖို့လိုတယ်လို့ ဆိုပါတယ်။

UKကျောင်းတွေက ပေးလိုက်တဲ့ ဘွဲ့တွေက နိုင်ငံတော်တော်များများမှာ အလုပ်ရဖို့ လွယ်ကူတာမို့ ပြည်တွင်းမှာလည်း UK တက္ကသိုလ်တွေက အသိအမှတ်ပြုထားတဲ့ကျောင်းတွေကို ကျောင်းသားလူငယ်တွေ စိတ်ဝင်စားမှုများတာတွေ့ရပါတယ်။

စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013