DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ မြိတ်မြို့တွင် ကျင်းပ
DVB
·
July 21, 2019
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ မြိတ်မြို့တွင် ကျင်းပ
1 / 5
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ နဲ့ပတ်သက်ပြီး လူထုထောက်ခံပွဲကို တနင်္သာရီတိုင်း မြိတ်မြို့မှာ ဇူလိုင် ၂၁ ရက်နေ့ ညနေက ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ လူထုထောက်ခံပွဲကို မြိတ်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီကြေးရုပ်တု လမ်းဆုံမှာပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံ ၇၀၀ ဝန်းကျင်က ပူးပေါင်းပါဝင်ခဲ့သလို ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ထောက်ခံကြောင်းလက်မှတ်တွေလည်း ရေးထိုးခဲ့ကြပါတယ်။ 

တိုင်းပြည်ငြိမ်းချမ်းရေးကို လိုချင်ရင် သေချာပေါက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတာနဲ့ ခြိမ်းခြောက်သံတွေ ကြားနေရတယ်လို့ တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။ 

အဲဒီလူထုထောက်ခံပွဲကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့စည်းတို့က လူထုဟောပြောပွဲတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ ထောက်ခံပွဲကို တနင်္သာရီတိုင်းထဲမှာ ထားဝယ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့က ဇူလိုင် ၁၇ ရက်နေ့ကနေ စတင်ပြုလုပ်ခဲ့ကြပြီး မြိတ်ခရိုင်အနေနဲ့ ဒီနေ့ ပြုလုပ်တာပါ။

သတင်းနှင့်ဓာတ်ပုံ - အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013