DVB Logo
Home
Lead Story
လူငယ်တစုရဲ ဆင်တုပ်ကွေးအကြောင်း သီချင်း လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)
DVB
·
July 21, 2019
လူငယ်တစုရဲ ဆင်တုပ်ကွေးအကြောင်း သီချင်း လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)
Donate to DVB

လက်ရှိအဖြစ်များနေတဲ့ ဆင်တုပ်ကွေးအကြောင်းကို လူငယ်တစုက သီချင်းလုပ်ဆိုထားပြီး ဖေ့စ်ဘွတ်ခ်မှာ လူကြည့်များနေပါတယ်။

×× ကိုယ်တွေပူနေပြီ အချစ်လေးရေ ×× နာကျင်ကိုက်ခဲလို့နေတယ် တကိုယ်လုံးကွယ် ×× ဒါကိုသိရင်တော့ အခက်သားကွယ် ×× ဆင်တုပ်ကွေးလို့ခေါ်တယ်မှတ်ထား ×× ကိုယ်တွေပေါ်မှာလည်း အကွက်များနဲ့ ×× ကြွက်သားများနဲ့ အဆစ်တွေလည်း ကိုက်ခဲလို့ ×× လို့ ဆိုပြီး ဆင်တုပ်ကွေးလက္ခဏာတွေနဲ့ သူတို့က သီချင်းကို စ ထားပါတယ်။

ဒီသီချင်း ဗွီဒီယိုကို Saw Poe Tue ရဲ့ အကောင့်ကနေ တင်ထားတာဖြစ်ပြီး တေးရေး Mike ရေးစပ်ထားတဲ့ ထားဝယ်မြို့မှာ ခေတ်စားနေတဲ့ ဆင်တုပ်ကွေး သီချင်းဖြစ်ပါတယ်လို့ သူက ရေးထားပါတယ်။

နာမည်ကြီး လူကြိုက်များခဲ့တဲ့ ငရုတ်သီး သီချင်းအလိုက်နဲ့ ရေးစပ်ထားတာဖြစ်ပြီး ဆင်တုပ်ကွေးအကြောင်းရှောင်ရန်၊ ဆောင်ရန်တွေကိုလည်း သူတို့က ရေးဖွဲ့သီဆိုထားပါတယ်။

×× ခြင်မကိုက်ဖို့ သေချာဂရုစိုက်ဖို့တော့လို ×× အသက်ကြီးသူနဲ့ ကလေးတွေ ခံနိုင်ဖို့တော့ မလွယ်ဘူးကွယ် ××

ဗွီဒီယို ပို့စ်အောက်မှာ ချီးကျူးမှတ်ချက်ပေးထားတာတွေ အများကြီးရှိပြီး အများစုကတော့ ဂစ်တာတီးသူကို ချီးကျူးထားပါတယ်။ ပြီးတော့ တုပ်ကွေးဖြစ်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံကိုပြန်ပြောထားကြသလို နောက်ထပ်လက္ခဏာတွေကို ထပ်ဖြည့်ဖို့လည်း အကြံပြု ထားတာကို တွေ့ရပါတယ်။

ဒီသီချင်းကို လူပေါင်း ၁ သိန်းလောက် ကြည့်ရှုထားပြီး ၃၃၀၀ ကျော်က ပြန်လည်ဝေမျှထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013