DVB Logo
Home
မြန်မာသတင်း
သီိဟို​လ်အေး​ကျေးရွာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် မြိုတိုင်းရင်းသားများ​တောင်းဆို
DVB
·
July 21, 2019
သီိဟို​လ်အေး​ကျေးရွာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် မြိုတိုင်းရင်းသားများ​တောင်းဆို
Donate to DVB

ရခိုင်​ပြည်​နယ်​ ​မောင်​​တောမြို့ ၃ မိုင်​အနီးမှာ​ ​၂၀၁၇ ဒီဇင်​ဘာလကစပြီး မြိုတိုင်းရင်းသားတွေ အခြေချ​နေထိုင်​​နေကြတဲ့ သီဟို​လ်အေး​ကျေးရွာကို တရားဝင် ကျေးရွာတရွာအဖြစ် သတ်မှတ်ပေးဖို့နဲ့ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ကျေးရွာသားတွေက တောင်းဆိုခဲ့ကြပါတယ်။

တပ်​မ​တော်​နဲ့ ​အေ​အေတို့ တိုက်​ပွဲဖြစ်​ပွားလာမှာကို စိုးရိမ်​ပြီး ဘူးသီး​တောင်​မြို့နယ်​ သြရမ​ဒေသ လက်​ပံကိုင်း၊ အင်း​ချောင်​၀၊ သလူပြား၊ သလူကျွန်း၊ နန်းချစ်​ စတဲ့ ​ကျေးရွာတွေက မြို တိုင်းရင်းသားတွေဟာ ​မောင်​​တောမြို့ ၃ မိုင်​အနီးရှိ သီဟိုလ်အေးကျေးရွာ​ကို ​၂၀၁၇ ဒီဇင်​ဘာ လကတည်းက ရွှေ့​ပြောင်းလာခဲ့ကြတာပါ။

အခုအခါ သီဟိုလ်အေး​ကျေးရွာကို ​မောင်​​တောမြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေး ဦးစီးဌာနမှ ​​မောင်​​တောမြို့မှ မိုင်​ ၃၀ ​ကျော်​လောက်ဝေး​တဲ့ မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ခုံတိုင်​​ကျေးရွာကို ရွှေ့​ပြောင်းခိုင်​​တဲ့အတွက် သီဟိုလ်အေးကျေးရွာသူ/သားတွေ အလွန်​အခက်အခဲ ကြုံနေရတယ်လို့ သီဟိုအေးကျေးရွာနေ ဦးနီ​အောင်​က​ ပြောပါတယ်​။

"အားလုံးဆန္ဒက ဒီ​နေရာက မ​ပြောင်းချင်​ကြပါဘူး။ ဘာအတွက်​လဲဆို​တော့ ဒီရွာသူရွာသား​တွေဟာ ​တော​တောင်​က​နေ မျှစ်​ချိုး ဟင်းရှာ​ကြသလို ​ချောင်းမြောင်း​တွေက ငါးရှာကြသူ​တွေလည်း ရှိပါတယ်​။ ဒီလို သူတို့ရှာလို့ရလာတဲ့ ဟင်းသီး ဟင်းရွက်​၊ မျှစ်​နဲ့ ငါး​တွေကို ​၄ မိုင်​​ဈေးနဲ့ ​မောင်​​တော​ဈေး​တွေမှာ လွယ်​ကူစွာ​ ရောင်းချနိုင်​ပါတယ်​။ ​အထွေ​ထွေအုပ်ချုပ်ရေးက ​ပြောင်းခိုင်းတဲ့ ခုံတိုင်​က မိုင်​ ၃၀ ​ကျော်​​လောက်​ ဝေးပါတယ်​။ ​မောင်​​တောကို လာ​ရောက်​​မယ်​ဆိုရင်​ လူတ​ဦးကို ကားခက အသွား ၇၀၀၀ အပြန်​ ၇၀၀၀ ရှိပါတယ်​။ မျှစ်​နဲ့ ဟင်းသီးဟင်းရွက်​​တွေက တ​​နေကုန်​ရှာမှ ​ငွေ ၅၀၀၀ ဖိုးလောက်​ရကြတာပါ။ ဒါကြောင့်​ ​ရွာသူ/သား​တွေ စားဝတ်​​နေ​ရေး အခက်​အခဲ့​တွေနိုင်​ပါတယ်​။ ဒါ​ကြောင့် အားလုံးက ဒီ​နေရာမှာပဲ နေထိုင်​လို​ကြောင်း ဒီမှာပဲ ​ကျေးရွာအဖြစ် ​တရားဝင်​သတ်​မှတ်​​ပေးဖို့ ​​တောင်းဆိုချင်​ပါတယ်​။”

သီိဟို​လ်အေး​ကျေးရွာမှာ​ အိမ်​​ခြေ ၇၀၊ လူဦးရေ  ၄၃၇ ဦး ​နေထိုင်ကြတယ်လို့ သိရပါတယ်။

မြိုတိုင်းရင်းသူ  ​ဒေါ်မဖြူက "ကျမတို့ ခုံတိုင်​ကို လုံးဝမသွားချင်​ပါဘူး။ ခုံတိုင်မှာ သွား​နေရင်​ စားဝတ်​​နေ​ရေး အခက်​​တွေ့နိုင်​သလို က​လေး​တွေရဲ့ ပညာ​ရေးလည်း ဆုံးရှုံးသွားနိုင်​ပါတယ်​။ အခုက က​လေး​တွေကို ၃ မိုင်​ ပရဟိတကျောင်းမှာ စာသင်​ကြားနိုင်​ပါတယ်​။ ဒီ​နေရာမှာ စ​ရောက်​ ကတည်းက မိမိအလုပ်​မိမိလုပ်​ပြီး အသက်​​မွေးဝမ်း​ကျောင်းပြု​နေတာပါ။ ဒါ​ကြောင့်​ ဒီကိုယ့်​အား ကိုယ်​ကိုးပြီး ​ဆောက်​လုပ်​​နေထိုင်​​နေတဲ့ ကျမတို့ရွာ​လေးကိုပဲ အစိုးရက အသိအမှတ်​ပြု​ပေးပါ” လို့ ​တောင်​ဆိုချင်​တယ်​” လို့ ပြောပါတယ်။

သူတို့ဟာ​ အစပိုင်းမှာ​ သုံးမိုင်​ပရဟိတကျောင်းမှာ​ အိ​မ်​​ခြေ ၈၀ ​ကျော်​ လူဦး​ရေ ၅၀၀ ​ကျော်​​နဲ့ ယာယီ ၂ လလောက်​ နေထိုင်​​ခဲ့ကြပြီး ၂၀၁၇ ဒီဇင်​ဘာ ၆ ရက်​​နေ့မှာ သုံးမိုင်​ဆရာ​တော်​ကြီးက သီဟို​လ်အေး​ကျေးရွာကို စတင်​​နေရာချ​ပေးထားခဲ့တာပါ။

ကောင်းကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013