Home
မြန်မာသတင်း
အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၁ ဦးသေဆုံး အများပြားဒဏ်ရာရ
DVB
·
July 21, 2019
67406508_465640354282511_6121887667496943616_o
67181374_465640280949185_3895127693536002048_o
67169649_465640334282513_6421415212091441152_o
67104109_465640300949183_5329894306545139712_o
ဒီနေ့ နေ့လယ်ပိုင်းက ပခုက္ကူ-ရန်ကုန်သွား ကားတစီး အမြန်လမ်းမှာ တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နေ့လယ် ၂ နာရီခွဲအချိန်က နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင် ၁၆၅၊ ဆွာတံတားနားမှာ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ဟာ လမ်းညာဘက်မှာ အရှိန်လွန် တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ ကနဦး စိစစ်ချက်အရ ခရီးသည် ၆၅ ယောက်ထဲမှာ အမျိုးသမီးတယောက်သေပြီး ဒဏ်ရာရသူများတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024