DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ မန္တလေးတွင် ကျင်းပ
DVB
·
July 21, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ မန္တလေးတွင် ကျင်းပ
1 / 7
Donate to DVB

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ‌ရောင်းဝယ်ရေဈေးက ဈေးသူဈေးသား ၅၀၀၀ ‌ကျော်ဟာ စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီကနေ ဦးဆောင်တဲ့ကော်မတီကနေ အခြေခံ ဥပဒေကိုပြင်ဆင်တဲ့ ပြင်ဆင်ချက်တွေကို ထောက်ခံတဲ့အနေနဲ့  မဟာအောင်မြေ ကျောက်မျက်ရတနာဈေးကနေ အင်အား ၁၀၀၀၀ ကျော်က ထောက်ခံလမ်းလျှောက်ကြတာပါ။

ဦးဆောင်သူ ကျောက်မျက်ရတနာဈေး ဥက္ကဋ္ဌ ဦးသန်းဝင်းက “ပုဒ်မ ၂၀ အပိုက်ခွဲ ၅ (ခ)မှာဆို လက်နက်ကိုင်တွေအားလုံးရဲ့ အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ပြည်သူတွေပြင်ချင်တာက ကာကွယ်ရေးဦးစီးချုပ်နဲ့ စာလို့ရှိရင် နိုင်ငံတော်သမ္မတက အကြီးအကဲဖြစ်သင့်တယ်လို့ ကျနော် ပြောချင်တယ်”လို့ ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီ အစီရင်ခံစာကို အတည်ပြုရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူဆန္ဒအောင်ရမည် စတဲ့ ကြွေးကြော်သံ ၃ ချက်ကို ကြွေးကြော်ပြီး မဟာအောင်မြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးဈေး အနောက်ဘက် ၈၈ လမ်း ၃၈ လမ်းအရှေ့အတိုင်း ၇၄ လမ်းအထိ လမ်းလျောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013