DVB Logo
Home
မြန်မာသတင်း
ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁ ဦး ‌ကျောက်တောင်ပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
July 21, 2019
ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁ ဦး ‌ကျောက်တောင်ပေါ်မှ ပြုတ်ကျသေဆုံး
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှာ ဇူလိုင် ၂၀ ရက်နေ့က အကျဉ်းသားတဦး လုပ်ငန်းခွင်အတွင်း ကျောက်တောင်ပေါ်မှ ပြုတ်ကျသေဆုံး ခဲ့တယ်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းမှူးက ပြောပါတယ်။

ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား ရဲလေး (ခ)မှဲ့လေး ၂၂ နှစ်ဟာ ဇူလိုင် ၂၀ ရက်နေ့၊ မနက် ၁၀ နာရီခွဲလောက်က ကျောက်ထုတ်လုပ်ငန်းခွင် အတွင်းက အမြင့် ၅၀ ခန့်ရှိတဲ့ ကျောက်တောင်ပေါ်ကို တက်ရောက်ကျောက်ခွဲပြီး ကျောက်တုံးတွေကို မြေပြင်ပေါ် တွန်းချရာမှ ရုတ်တရက်ခြေချော်ပြီး တောင်အောက် ပြုတ်ကျခဲ့တာပါ။

အခုလို ပြုတ်ကျခဲ့မှုကြောင့် ရဲလေး(ခ)မှဲ့လေးမှာ ၀ဲဘက်ခြေမျက်စိကျိုးပဲ့ဒဏ်ရာ၊ ယာဘက်နံရိုးကျိုးဒဏ်ရာ၊ ၀ဲခြေဖနောင့်ကွဲပြဲဒဏ်ရာ၊ ယာတင်ပါးပေါက်ပြဲဒဏ်ရာနဲ့ ကျောပွန်း ခြစ်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆေးစစ်ချက်တွေအရ သိရပါတယ်။

ဇင်းကျိုက်နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲလင်းနောင်က "အကျဉ်းသားက အလုပ်လုပ်ရင်း ကျောက်တောင်ပေအမြင့် ၅၀ ကနေပြုတ်ကြသေဆုံးခဲ့တာပါ။ အကျဉ်းသား ၅ ဦး ထောင်ဖောက် ပြေးဖို့ လုပ်တယ်ဆိုတာက မဟုတ်ပါဘူး။ အကျဉ်းဦးစီးဝန်ထမ်းက ကြိုတင်သတင်းရလို့ ထိန်းသိမ်းလိုက်တဲ့သဘောပါ။ အဲ့ဒါကို လူမှုရေးအရ ပြောပြတာကို facebook ပေါ် ရေးတင် လိုက်တာပါ။ အကျဉ်းသား ၅ ယောက်ကိုလည်း ထောင်ပြောင်းတယ်၊ မပြောင်းဘူးဆိုတာ အသေအချာတော့ မသိရပါဘူး" လို့ ဒီဗွီဘီကိုပြောပါတယ်။

ပေါင်မြို့နယ် ပန်းကုန်းကျေးရွာရှိ ရင်းငြိမ်ကုန်ထုတ်စခန်း(မကသဲ) အကျဉ်းစခန်းမှ အကျဉ်းသား ၅ ဦး ဇူလိုင် ၁၉ ရက်နေ့က ထောင်ဖောက်ပြေးဖို့ စီစဉ်နေစဉ် ဝန်ထမ်းများက အချိန်မီ ထိန်းသိမ်းခဲ့ပြီး ထောင်ပြောင်းပို့ခဲတယ်လို့ facebook လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လ ၂၀ ရက်နေ့က သတင်းပျံ့နှံခဲ့တာဖြစ်ပါတယ်။

ရဲလေး(ခ)မှဲ့လေး သေဆုံးမှုနဲ့ပတ်သက်လို့ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းနှစ်စဉ် အမှတ် ၂၃/၂၀၁၉ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း/ဓာတ်ပုံ - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013