DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ရေဘေးသင့် ကျေးရွာအချို့ သောက်သုံးရေ အခက်အခဲ ကြုံတွေ့
DVB
·
July 21, 2019
စစ်ကိုင်း ရေဘေးသင့် ကျေးရွာအချို့ သောက်သုံးရေ အခက်အခဲ ကြုံတွေ့
1 / 7
Donate to DVB

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေ၊ စစ်ကိုင်းမြို့ အနောက်ဘက်နဲ့ တောင်ဘက် ကျေးရွာတွေ ရေဘေးသင့်နေပြီး သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

နှစ်စဉ် မြစ်ရေမြင့်တက်နေကြဖြစ်ပေမယ့် ဒီနှစ်မှာတော့ ယခင်နှစ်တွေထက် ပိုမို မြင့်တက်နေတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းအထိ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ တိုင်းထွာချက်တွေအရ ၁၁၇၂ စင်တာမီတာကို ရောက်ရှိကာ စိုးရိမ်ရေမှတ်အထက်ကို ၂၂ စင်တာမီတာ ကျော်လွန်လာပြီလို့ သိရပါတယ်။

လတ်တလောမှာ ရေပြန်ကျဦးမှာ မဟုတ်သေးဘဲ ကျေးရွာ အချို့မှာ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်နေတယ်လို့ ရေဘေးသင့် ပြည်သူတွေက ပြောပါတယ်။

နောက်ကြည့်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူ ဦးမြင့်အေးက ''သောက်သုံးရေလည်း ရှိတာပေါ့လေ။ ခေါက်ဆွဲလေး ဘာလေး ထမင်းထုပ်လေး တစ်ချို့ကလည်း မျှော်တာပေါ့၊ မြို့နယ်ကလည်း လာပို့မယ်ပြောတယ်၊လှေ နက်ဖြန် ခါ ဆယ်စီးမှာထားတယ်''လို့ ပြောပါတယ်။

ရေဘေးသင့်သူတွေအနေနဲ့ ခြေတံရှည်အိမ်တွေနဲ့ လှေတွေပေါ်မှာ နေထိုင်နေရတဲ့အပြင် စစ်ကိုင်းမြို့ပေါ်က ဘုန်းတော်ကြီး ကျောင်းတိုက်တွေ၊ စေတီပရဝုဏ်တွေအတွင်း ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်သုံး နွားတွေကိုလည်း ရေလွတ်ရာ ပြောင်းရွှေ့ ထားရတယ်လို့ သိရပါတယ်။

နေပူကုန်းကျေးရွာ ဆယ်အိမ်စုမှူး ဦးငြိမ်းလင်းက ''ရေတက်တာ အခြေအနေကတော့ ရေကတော်တော်များနေပြီ၊ တော်တော်များနေပြီဆိုတာက ကျေးရွာတွေထဲမှာ ခုံတွေဘာတွေ မြုပ်ကုန်ပြီ၊ အိမ်တွေဝိုင်းတွေဆိုရင် မြုပ်ကုန်ပြီ၊ နေရထိုင်ရတာကတော့ အိမ်ကခြေတံရှည်အိမ် ဆိုတာ့ အိမ်ပေါ်ပဲနေတယ်။ အခက်အခဲကတော့ သွားရေးလာရေးကတော့ လှေနဲ့သွားရတာ ခက်ခဲတာပေါ့။ ကိုယ်သွားချင်တဲ့ချိန်မသွားရ၊ ပြန်ချင်တဲ့အချိန် မပြန်ရဖြစ်နေတာပေါ့။ နေရေးထိုင်ရေးကတော့ ဘုရားထဲ စောင်းတန်းတို့၊ လှည်းလေးပေါင်းမိုးကိုင်းတို့၊ စားတာ သောက်တာကတော့ ကိုယ့်အိမ်ကနေ ထမင်းထုပ်ပို့ရတာ၊ ရွာတွေက ရေနစ်နေတော့ သိပ်မသန့်တာ၊ မသန့်တော့ တွင်းတွေရော အကုန်မြုပ်နေတဲ့အချိန်ကတော့ ရေမသန့်တော့ဘူး ပေါ့၊ သောက်ရေတော့ အခက်အခဲရှိတယ်၊ သုံးရေသောက်ရေတော့''လို့ ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ကနေ စတင်မြင့်တက်လာတဲ့ မြစ်ရေကြောင့် စစ်ကိုင်းမြို့နယ်အတွင်း အိမ်ခြေ ၅၀၀ ကျော် ရေဘေးသင့်နေပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကိုင်း-မင်းကွန်းသွား လမ်းပိုင်းတခုဖြစ်တဲ့ ရှင်ဖြူရှင်လှ ကျေးရွာအနီးက လမ်းပိုင်းဟာ ဧရာဝတီ မြစ်ရေမြင့်တက်လာတဲ့အတွက် သွားလာလို့မရတော့ဘဲ သီတာရုံ ဘုန်းကြီးကျောင်းလမ်းကနေ ရှင်ဖြူရှင်လှ ဘုရားအထိ အပေါ်လမ်းပိုင်းကနေ သွားလာနေရ တယ်လို့ သိရပါတယ်။

အပေါ်လမ်းပိုင်းဟာ ကုန်းအတက်အဆင်း မတ်စောက်ပြီး ကျဉ်းမြောင်းတဲ့အတွက် ကုန်တင်ယာဉ်ကြီးတွေ သွားလာဖို့ ခက်ခဲနေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတွေအတွက် စစ်ကိုင်းမြို့က ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ဦးဆောင်ကာ လမ်းကြောရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013