DVB Logo
Home
မြန်မာသတင်း
Mandalay Advertising Group ဝန်ဆောင်မှုရုံး ဖွင့်လှစ်
DVB
·
July 21, 2019
Mandalay Advertising Group ဝန်ဆောင်မှုရုံး ဖွင့်လှစ်
1 / 4
Donate to DVB

ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းဝန်ဆောင်မှုပေးမယ့် Mandalay Advertising Group ဝန်ဆောင်မှုရုံးကို ဇူလိုင် ၂၀ ရက်နေ့က မန္တ​လေးမြို့မှာ စတင်ဖွင့်လှစ်ခဲ့ ပါတယ်။

Mandalay Advertising Group မှာ နိုင်ငံတကာနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေ အတွက် မဟာဗျူဟာမြောက်ဈေးကွက်ချဲ့ထွင်းခြင်း၊ စားသုံးသူတွေအတွက် (Strategic Communication Services) စီးပွားရေး ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး Creative C၀ncept မှ Final Production အထိ ဝန်ဆောင်မှုပေးခြင်း၊ Traditional နဲ့ ဒစ်ဂျစ်တယ် မီဒီယာများအတွက် အစီအစဉ် ရေးဆွဲခြင်း၊ကြော်ငြာများ ဝယ်ယူပေးခြင်း၊ ကြော်ငြာလှုပ်ရှားမှုများ ကို စောင့်ကြည့်ပေးခြင်း၊ ကြော်ငြာ အစီရင်ခံစာများ ပြုလုပ်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေအပြင် PR နဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Mandalay Advertising Groupရဲ့ CEO ဖြစ်တဲ့ ဦးကျော်ဇေယျက ''မန္တ​လေး မှာရှိတဲ့ လုပ်ငန်းရှင်တွေပေါ့နော်၊ Local SME တွေရော၊ တခြား Regional Companyတွေကိုရော ကျနော်တို့က တကယ့် strategy ကျကျ ဘယ်လိုမျိုး Advertising ကို ဒီ strategy နဲ့ ဘယ်လိုလေးလုပ်ရင်ရမလဲ၊ ပြီးရင် PR၊ Digital၊ Traditional ၊ Traditional ဆိုရင် ကျနော်တို့ TV၊ Print၊ Radio ပေါ့လေ၊ ဒါမျိုးလေးတွေ အကုန်လုံးကို ကျနော်တို့က Strategy ဘယ်လိုလေးတွေနဲ့ လုပ်ရမလဲဆိုတဲ့ဟာကို ကျနော်တို့က ဝန်ဆောင်မှုလုပ်ငန်း စပြီးလုပ်တာပါခင်ဗျ'' လို့ ပြောပါတယ်။

အထက်မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်တိုးချဲ့ရေး အစီအစဉ် တွေ၊ ဈေးကွက်လေ့လာဆန်းစစ်ခြင်းလုပ်ငန်းတွေ၊ ကြော်ငြာအစီအစဉ်တွေ၊ အခမ်းအနား အစီအစဉ်တွေနဲ့ roadshow ပွဲတွေအတွက်ကိုလည်း ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

Mandalay Advertising ရုံးခွဲကို မန္တ​လေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ ၆၆လမ်း၊ ၄၂ လမ်းနဲ့ ၄၃ လမ်းကြား၊ အမှတ် ၁၃+၁၄ (ဘီ) မှာ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
Mandalay Advertising Group ဝန်ဆောင်မှုရုံး ဖွင့်လှစ်