DVB Logo
Home
မြန်မာသတင်း
သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ဟောပြောပွဲကျင်းပ
DVB
·
July 21, 2019
သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ဟောပြောပွဲကျင်းပ
1 / 6
Donate to DVB

က​လေးငယ်​​တွေကို မိဘအုပ်​ထိန်းသူ​တွေက လိင်​အသိပညာ​ပေးတတ်​ဖို့ ရည်​ရွယ်​ပြီး သင့်​က​လေးကို sex education ဘယ်​လို​သင်​​ပေးကြမလဲ ​ဟော​ပြောပွဲကို ရန်​ကုန်​မြို့ UMFCCI မှာ ဇူလိုင်​ ၂၀ ရက်​​နေ့က ကျင်းပခဲ့ပါတယ်​။ 

က​လေးငယ်​​တွေဟာ စကား​ပြောတတ်​စအရွယ်​ သုံးနှစ်​​လောက်​တည်းက စူးစမ်းတတ်​တဲ့စိတ်​​ကြောင့်​ ဘဝနဲ့လိင်​မှုဆိုင်​ရာ​မေးခွန်း​တွေကို ​မေးတတ်​ကြပါတယ်​။

က​လေး​တွေ​မေးလာတဲ့အခါမှာ သူတို့နားလည်​နိုင်​တဲ့ စကားလုံး​တွေနဲ့ အနူးညံ့ဆုံး​ရွေးချယ်​ပြီး ရှင်းပြတတ်​ဖို့ကို မိဘ​တွေက ကြိုးစားရမယ်​လို့ ​ပြောပါတယ်​။ 

သိပ္ပံနည်းကျ တိကျပြီး လက်​​တွေ့ကျတဲ့ သတင်းအချက်​အလက်​​တွေကို​ပေးပြီး အသက်​အရွယ်​ ယဉ်​​ကျေးမှုနဲ့ သင့်​​လျော်​တဲ့ ချဉ်းကပ်​မှုမျိုးနဲ့ လိင်​မှုဆိုင်​ရာ ကိစ္စရပ်​​တွေကို အ​ခြေခံပညာ​ကျောင်း​တွေမှာ သင်​ကြား​ပေး​နေပြီလို့ သိရပါတယ်။ 

က​လေးငယ်​​တွေအ​နေနဲ့ လိင်​မှုဆိုင်​ရာ အသိပညာ​တွေကို သူတို့အရွယ်​အလိုက်​ အသိရှိ​နေမယ်​ဆိုရင်​ သူတို့ကိုယ်​သူတို့ ကာကွယ်​နိုင်​ပြီး သက်​ငယ်​မုဒိန်းမှုကိုကာကွယ်​နိုင်​သလို သူတို့ကိုယ်​တိုင်​ကျူးလွန်​မှာကိုလည်း တားဆီး​ပေးနိုင်​တယ်​လို့ ​ဟော​ပြောပွဲမှာပါဝင်တဲ့ ဆရာဝန်​​တွေက​ပြောပါတယ်​။ 

ဟော​ပြောပွဲမှာ စိတ်​ပညာရှု​ထောင့်​က​နေ က​လေး​တွေရဲ့ လိင်​မှုဆိုင်​ရာဖွံ့ဖြိုးမှုကို ဆရာမကြီး​ ဒေါ်သက်​ထားဝင်း၊ ​ဒေါက်​တာဖြိုးသီဟနဲ့ ​ဒေါက်​တာစိမ့်​စမ်းဖြူတို့ကလည်း က​လေးငယ်​​တွေကို မိဘအုပ်​ထိန်းသူ​တွေက လိင်​အသိပညာ​ပေးဖို့ကို ​ဟော​ပြောခဲ့ပါတယ်​။ 

သတင်း၊ဓာတ်​ပုံ- စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013