DVB Logo
Home
မြန်မာသတင်း
ရွှေဝါရောင်ခေါင်းဆောင် ဦးဂမ္ဘီရ (ကိုညီညီလွင်) ကို ဖမ်းဆီး
DVB
·
December 2, 2012
ရွှေဝါရောင်ခေါင်းဆောင် ဦးဂမ္ဘီရ (ကိုညီညီလွင်) ကို ဖမ်းဆီး
Donate to DVB

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရ (ကိုညီညီလွင်) ကို ရန်ကုန်တိုင်းထဲရှိ ရဲစခန်း၂ခုက အမှုဖွင့်ပြီး အင်းစိန်ထောင်ကို ပို့ဆောင်ချုပ်နှောင်ထားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းမှာ သင်္ဃန်းကျွန်းရဲစခန်းက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး အဲ့ဒီနေ့ညမှာပဲ အင်းစိန်ထောင်ကို ပို့ဆောင်ချုပ်နှောင်ထားလိုက်တာပါ။

[caption id="attachment_33825" align="alignleft" width="300" caption="၂၀၀၇ ရွှေဝါရောင်သံဃာခေါင်းဆောင် ဦးဂမ္ဘီရ (ကိုညီညီလွင်)- (ဓာတ်ပုံ အမေ့အိမ်)"][/caption]

ဦးဂမ္ဘီရကို ထောင်ကလွတ်လာခါစ ဘုန်းကြီးကျောင်းတွေ ချိတ်ခွာပြီး တက်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပုဒ်မတပ် ချုပ်နှောင်လိုက်တာ ဖြစ်တဲ့အကြောင်း ညီဖြစ်သူ ကိုအောင်ကျော်ကျော်က ခုလို ပြောပြပါတယ်။

“ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်။ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ ၄၅၄ ၀င်ရောက်နေထိုင်မှုရယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး နေစရာမရှိလို့ ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေကို သော့ရိုက်ဖျက်ပြီးတဲ့ ကိစ္စကို တရားစွဲတာတဲ့။ ဦးဂမ္ဘီရကို ဘယ်မှာထားလည်း တွေ့ချင်ပါတယ်လို့ မေးတော့ သန်လျင်မှာလည်း ဘုန်းကြီးကျောင်းတွေလည်း ဖွင့်တဲ့အတွက် သန်လျင်ကို ညတွင်းချင်း လွှဲပေးလိုက်တယ်တဲ့။ အဲဒါနဲ့ သန်လျင်ရဲစခန်းကို ကျနော်တို့ လိုက်တော့ သူ့ကိုစွဲထားတာ ပိုင်နက်ကျူးလွန်မှုနဲ့စွဲထားတယ် ပြောတယ်။ ဒါဆို ကျနော်တို့က မိသားစုဝင်တွေပါလို့ ပြောတော့ အင်းစိန်ထောင်ကို ညတွင်းချင်းပို့လိုက်တယ်လို့ ပြောပါတယ်။”

ဦးဂမ္ဘီရဟာ အခု အဖမ်းခံရချိန်မှာ လူဝတ်နဲ့ ဖြစ်ပြီး သူ့ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာလည်း အလျဉ်း မပျောက်ကင်းသေးပါဘူး။

အခုလို ဦးဂမ္ဘီရကို ပြန်လည်ဖမ်းဆီးချုပ်နှောင်တာနဲ့ ပတ်သက်ပြီး ညီဖြစ်သူ ကိုအောင်ကျော်ကျော်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးဂမ္ဘီရကို သူတို့ ထိန်းသိမ်းမှဖြစ်မယ်ဆိုတဲ့ အမြင်နဲ့ ထိန်းသိမ်းတယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒီလို ပြဿနာတွေကို ညှိနှိုင်းအဖြေမရှာဘဲနဲ့၊ တဖက်နဲ့တဖက် ညှိညှိနှိုင်းနှိုင်းမလုပ်ဘဲနဲ့ ဖမ်းဆီးတယ်၊ အကြမ်းဖက်ဖြိုခွဲတယ်ဆိုတဲ့ လုပ်ရပ်တွေဟာ အရင်နည်းဟောင်းအတိုင်းသွားနေတာ တွေ့ရတယ်။ ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကိုသွားနေတယ်ဆိုတာ သံသယဖြစ်စရာပဲ။ ပြည်တွင်းမှာ မကျေနပ်မှုတွေတိုးလာသလို နိုင်ငံတကာအမြင်မှာလည်း မတင့်တယ်ဘူး။ ဒါကြောင့် သံဃာတော်တွေကို တောင်းပန်တာတွေ၊ ဦးဂမ္ဘီရကို ပြန်လွှတ်ပေးဖို့ ချက်ချင်းဆောင်ရွက်သင့်တယ်။”

ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာတပါးဖြစ်တဲ့  ဦးဂမ္ဘီရဟာ ခန္တီးနဲ့ ကလေး စတဲ့ ထောင်တွေမှာ ထောင်ဒဏ် ၆၃ နှစ် ချခံထားရာက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013