DVB Logo
Home
မြန်မာသတင်း
စက်လှေတိမ်းမှောက် ​ပျောက်​ဆုံး​နေသည့် ၄ ‌ယောက်မြောက် ​ကျောင်းသူအ​လောင်း​ တွေ့ရှိ
DVB
·
July 19, 2019
စက်လှေတိမ်းမှောက် ​ပျောက်​ဆုံး​နေသည့် ၄ ‌ယောက်မြောက် ​ကျောင်းသူအ​လောင်း​ တွေ့ရှိ
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတဲ့ လေးယောက်မြောက် ကျောင်းသူရဲ့ အ​လောင်းကို ဒီက​နေ့​တွေ့ ရှိခဲ့တယ်​လို့ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​က ပြောပါတယ်။

ဒီက​နေ့ မနက်​ပိုင်း ၁၀ နာရီ​ကျော်​​လောက်​က မင်းတုန်းမြို့နယ်​၊ ပန်းတုန်းရွာ အနီးမင်းတုန်း​ချောင်းထဲမှာ ​တွေ့ခဲ့ရတာလို့ ​တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အေးလှိုင်​ဦးက ​ပြောပါတယ်​။

စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူလေးဦး ပျောက်ဆုံးခဲ့တာဖြစ်ပြီး အသက်​ ၁၅ နှစ်​အရွယ်​ ၉ တန်း​ကျောင်းသူတဦးကို ဇူလိုင်​ ၁၃ ရက်​​နေ့၊ အသက်​ ၁၂ နှစ်​အရွယ်​ ၇ တန်း​ကျောင်းသူကို ဇူလိုင်​ ၁၄ ရက်​​နေ့နဲ့ နောက်ထပ် ၇ တန်း​ကျောင်းသူ အလောင်းကို ဇူလိုင်​ ၁၇ ရက်​​နေ့တွေက တွေ့ရှိခဲ့ပါတယ်။

ဇူလိုင်​ ၁၂ ရက်​​က မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို လူ ၁၈ ဦး တင်​​ဆောင်​လာတဲ့ စက်လှေမှာ မင်းတုန်း​ချောင်းနဲ့ မူး​ချောင်းအဆုံမှာ ​ရေစီးအားသန်​လို့ တိမ်းမှောက်ခဲ့တာပါ။

သတင်း- ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013