DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ် – မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆို
DVB
·
November 30, 2012
ဗီယက်နမ် – မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆို
1 / 2
Donate to DVB

ဗီယက်နမ်  သမ္မတ ကျုံသန်ဆန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ၂ နိုင်ငံ ဘဏ်လုပ်ငန်းနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

[caption id="attachment_33798" align="alignright" width="300" caption="ဗီယက်နမ်သမ္မတနှင့် သမ္မတ ဦးသိန်းစိန် "][/caption]

ဗီယက်နမ်သမ္မတ ကျုံသန်ဆန်းရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ  ခရီးစဉ်အတွင်းမှာ ၂ နိုင်ငံ ဗဟိုဘဏ်တွေအကြား ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးမှု သတင်းအချက်အလက် ဖလှယ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ စွမ်းအင်ဝန်ကြီးဌာနနဲ့ ဗီယက်နမ် ရေနံ့နဲ့ သဘာဝဓာတ်ငွေ့ အဖွဲ့တို့အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကို နိုဝင်ဘာ ၂၉ ရက်နေ့က လတ်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းေ ဆာင်ရွက်မှု သဘောတူညီချက်နဲ့ ၂၀၀၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့တဲ့ ပြစ်မှုတိုက်ဖျက်ရေး သဘောတူညီမှုများအပေါ် အခြေခံ၍ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားဖို့လည်း ၂ နိုင်ငံ  သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကုန်သည်/ စက်မှုအသင်းချုပ်ရဲ့ အတွင်းရေးမှူးတဦးဖြစ်သူ  ဦးအောင်ခင်မြင့် ကတော့  ဗီယက်နမ်သမ္မတရဲ့ ခရီးစဉ်အတွင်းမှာ  အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စကျင် ကျောက် အချောထည်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း စတာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာတွေ ရေးထိုးဖို့ရှိတဲ့အတွက် အကျိုးရှိစေမှာဖြစ် တယ်လို့ ပြောပါတယ်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုံသန်ဆန်းနဲ့ ဇနီး မိုင်သီဟိုက်တို့ဟာ  နိုဝင် ဘာ  ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ် ဖြစ်ပါတယ်။

ဗီယက်နမ်သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗီယက်နမ်နိုင်ငံအနေနဲ့ ၂၀၁၄ မှာ မြန်မာက အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ အကူအညီပေးဖို့နဲ့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ အသင့်ရှိတဲ့အကြောင်းလည်း ဗီယက်နမ် သမ္မတက ပြောဆိုခဲ့ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်တို့ဟာ ၂၀၁၅ မှာ  ၂ နိုင်ငံ ကုန်သွယ်မှုပမာဏ ၁ နှစ်လျှင် အမေရိကန် ဒေါ်လာသန်း ၅၀၀ ရောက်ရှိဖို့လည်း ကတိပြုထားကြပါတယ်။
အစိုးရ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၆သန်းကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။ မြန်မာနိုင်ငံက ဗီယက်နမ်ကို သစ်တောထွက်နဲ့ ရေထွက်ကုန်ပစ္စည်းတွေ၊ ရာဘာနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့ပြီး ဗီယက်နမ်က မြန်မာကို သံထည်ပစ္စည်း၊ စက်ပစ္စည်း အစိတ်အပိုင်းတွေ၊ ပလတ်စတစ်နဲ့ အ၀တ်အထည်တွေ တင်သွင်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013