DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ဆေးရုံတွင် H1N1 လူနာ နောက်ထပ်  ၂ ဦး ဆေးကုသမှုခံယူနေ
DVB
·
July 18, 2019
လွိုင်ကော်ဆေးရုံတွင် H1N1 လူနာ နောက်ထပ်  ၂ ဦး ဆေးကုသမှုခံယူနေ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ပိုးတွေ့ သံသယလူနာ နောက်ထပ် ၂ ဦးကို ကုသပေးနေတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

အဆိုပါ လူ ၂ နာဦးဟာ ဖယ်ခုံမြို့နယ်က ဖြစ်ပြီး အသက် ၂ နှစ်ခွဲနဲ့ အသက် ၃၁ နှစ်အရွယ် လူနာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖယ်ခုံမြို့နယ်ကပဲ ၂ ယောက်၊ အမျိုးသမီး ၃၁ နှစ်တယောက်၊ ၂ နှစ် ၇ လတယောက် သူတို့နှစ်ယောက်က ရောဂါနည်းနည်းလေး ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတယောက်ကတော့ နှလုံးရောဂါလည်းရှိပြန်တော့ သူ့ကိုလည်း အရေးပေါ်အဆောင်နဲ့ စောင့်ကြည့်ရတယ်။ နောက်ပြီးတော့ ၂ နှစ်နဲ့ ၇ လ ကလေးလေး တယောက်ကလည်း ၀မ်းတွေလည်းလျောတယ်။ ရောဂါလည်း နည်းနည်းပြင်းလို့ သူ့အခြေအနေကလည်း နည်းနည်း စိုးရိမ်စရာဖြစ်နေတယ်။ အဲဒါကြောင့် စောင့်ကြပ်ကြည့်ရှု ကုသပေးနေပါတယ်။”

လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ပြီးခဲ့တဲ့တပတ်က လွိုင်ကော်မြို့ နာနတ်တောနဲ့ ပန်ကန်းရပ်ကွက်က ရာသီတုပ်ကွေး H1N1 ကလေး လူနာနှစ်ဦးကို ပထမဆုံး ကုသပေးခဲ့ပြီး ရောဂါသက်သာလာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပါတယ်။

ဇူလိုင် ၁၆ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ H1N1 ရောဂါပိုးကူးစက်ထားပြီး သေဆုံးခဲ့သူ ၅၆ ဦး၊ ရောဂါဖြစ်ပွားနေသူ ၂၈၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တုပ်ကွေးရောဂါပြင်းထန်တာတွေမဖြစ်စေဖိုနဲ့ ကူးစက်တာကိုကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကြပ်ရင် ချက်ချင်း ဆေးရုံဆေးခန်းပြသဖို့ အကြံပြုထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013