
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ကော့မှူးမြို့နယ်ကို သွားရောက်ပြီး အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ ကျောင်းဆောင်သစ်တခုကို ဖွင့်လှစ်ပေးလိုက်ပါတယ်။
အဆိုပါကျောင်းဟာ ကော့မှူးမြို့နယ် ပိန္ဒဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာမှာ တည်ရှိပြီး စာသင်ခန်း ၈ခန်းပါ RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ်ပါတယ်။
ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအပြီးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အောင်ဇမ္ဗူပရိယတ္တိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာနဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းနဲ့ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
ဓာတ်ပုံ- State Counsellor










