DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ် အကြမ်းဖက်မှုမဖြစ်ရေး အစိုးရနှင့်ပူးပေါင်းကာကွယ်ပေးရန် တိုက်တွန်း
DVB
·
July 18, 2019
ကလေးသူငယ် အကြမ်းဖက်မှုမဖြစ်ရေး အစိုးရနှင့်ပူးပေါင်းကာကွယ်ပေးရန် တိုက်တွန်း
1 / 3
Donate to DVB

ကလေးသူငယ်နဲ့ပတ်သက်တဲ့ အခွင့်အရေးတွေရလာအောင်နဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် အတတ်နိုင်ဆုံးအစိုးရနဲ့ ပူးပေါင်းကာကွယ်ပေးကြဖို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာပြုလုပ်တဲ့ ကလေးသူငယ်ကာကွယ်   ‌စောင့်ရှောက်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းနဲ့ GBV အသိပညာပေးအခမ်းအနားမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့၊ ပုဂ္ဂလိကနဲ့ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေအနေနဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးတွေကို နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ ၀ိုင်းဝန်းပြီး ဆောင်ရွက်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်နိုင်ဖို့၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒတွေနဲ့အညီ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတွေ စနစ်တကျ လုပ်နိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်တာပါ။

ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ကလေးသူငယ်နဲ့ပတ်သက်တဲ့ အခွင့်အရေး ရလာအောင်နဲ့ လက်ရှိဖြစ်နေတဲ့ ကလေးသူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင်လို့ အတတ်နိုင်ဆုံး အစိုးရနဲ့ ပူးပေါင်းကာကွယ်ပေးကြပါ။ လိုအပ်တာရှိပြောပါ။ အစွမ်းကုန်ကူညီမယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက “ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ ချပြရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်။ လိုက်နာမှုမရှိဘူး ဆိုရင်တော့ ဥပဒေနဲ့အညီ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးတာ၊ ရပ်ဆိုင်းတာ၊ ကျောင်းကို ပိတ်သိမ်းတာတွေကို ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးပြီး ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သလို ၂၀၀၁ ခုနှစ်မှာ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးကို တိုင်ကြားလာတဲ့ သက်ငယ်မုဒိမ်းမှု ၁၂ မှုရှိပြီး ၈ မှုအတွက် ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးပြီးဖြစ်သလို ကျန်အမှုတွေကို အမှုရင်ဆိုင်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးထားပါတယ်။

ကရင်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြိုကျောင်း ၈ ကျောင်း၊ ထောက်ပံ့ကြေးရမူကြိုကျောင်း ၄၄ ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၂၄ ကျောင်း၊ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားဆဲကျောင်း ၃၀ ကျော် ရှိပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013