DVB Logo
Home
မြန်မာသတင်း
The Last Hours အမည်ရ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်လမ်းတိုအတွက် သရုပ်ဆောင်များ ခေါ်ယူ
DVB
·
July 18, 2019
The Last Hours အမည်ရ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်လမ်းတိုအတွက် သရုပ်ဆောင်များ ခေါ်ယူ
Donate to DVB

The Last Hours အမည်ရတဲ့ ဗိုလ်ချုပ်ဆောင်ဆန်း သမိုင်းရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးဖို့အတွက် သရုပ်ဆောင်နိုင်မယ့် ဇာတ်ဆောင်တွေကို ခေါ်ယူနေပါတယ်။

Myanmar Prestige Films ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဒီရုပ်ရှင်ဇာတ် လမ်းတိုအတွက် ကနဦးအနေနဲ့ အဓိက ဇာတ်ဆောင်၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်နေရာတွေအတွက် ခေါ်ယူတာပါ။

လျှောက်ထားနိုင်သူတွေအနေနဲ့ သရုပ်ဆောင်ဝါသနာပါသူတွေ၊ မြန်မာနိုင်ငံရဲ့ သ မိုင်းကြောင်းကို စိတ်ဝင်စားသူတွေ၊ သရုပ်မဆောင်ဖူးပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး စိတ်အားထက်သန်သူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

     ဇာတ်ဆောင်တွေနဲ့ ရုပ်ချင်းဆင်တူသူတွေကို လျှောက်ထားဖို့ တိုက်တွန်းထားပြီး ပါဝင်ခွင့်ရတဲ့ ဇာတ်ရုပ်ကဏ္ဍအလိုက် သရုပ်ဆောင်ကြေးနဲ့ ခံစားခွင့်တွေလည်  ရရှိနိုင်မှာ ဖြစ်တယ်လို့ Myanmar Prestige Films ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါ တယ်။

     ဇာတ်ရုပ်အလိုက် လိုအပ်တဲ့ အရည်အချင်းတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက်

- အသက် (၃၀ မှ ၄၀) နှစ်ကြား

- အသားလတ်သူ

- ခန္ဓာကိုယ် ကျစ်လစ် ပြေပြစ်သူ

- အသံအားကောင်းသူ

- အရပ် ၅’ ၅” ၀န်းကျင်

- ဘွဲ့တစ်ခုခု ရရှိပြီးသားသူ ဖြစ်ရမှာဖြစ်ပြီး ဒေါ်ခင်ကြည် ဇာတ်ရုပ်အတွက် လျှောက် ထားလိုသူတွေအနေနဲ့

- အသက် (၃၀ မှ ၄၀) နှစ်ကြား

- အသားလတ်သူ

- ခန္ဓာကိုယ် ကျစ်လစ် ပြေပြစ်သူ

- အသံအားကောင်းသူ

- အရပ် ၅’ ၃” ၀န်းကျင်

- ဘွဲ့တစ်ခုခု ရရှိပြီးသားသူ စတဲ့ အချက်အလက်တွေ ပြည့်စုံရမှာ ဖြစ်ပါတယ်။

     စိတ်ဝင်စားလျှောက်ထားလိုသူတွေအနေနဲ့ - မျက်နှာအနီးပုံ + ကိုယ်တစ်ပိုင်းပုံ + တစ်ကိုယ်လုံးပုံ(မျက်မှန်/မျက်ကပ်မှန် မပါရ၊ Photoshop ဖြင့် ပြုပြင်ထားသောပုံ မဖြစ်ရ ပါ။)- ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ - မှတ်ပုံတင် မိတ္ထူ နှင့် သန်းခေါင်စာရင်း မိတ္တူ တွေနဲ့အတူ အမှတ် (၂၁၆/၂၂၂)၊ အခန်း(C-3)၊ ဗိုလ်မြတ်ထွန်းအိမ်ရာ၊ ၄၉လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013