DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ပျော်ဘွယ်တွင် ကျင်းပ
DVB
·
July 18, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ပျော်ဘွယ်တွင် ကျင်းပ
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီက လွှတ်တော်မှာ တင်သွင်းစာအား ထောက်ခံပွဲကို မန္တလေးတိုင်း ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် ကျောက်တိုင်ကွင်းမှာ ဇူလိုင် ၁၇ ရက် မနက်က လူအင်အား ၂ ထောင်ကျော် ကျင်းခဲ့ပါတယ်။

ထောက်ခံပွဲ ဦးဆောင်သူ ဦးဇော်ထွန်းက "၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး ဆိုတဲ့ ဗွီနိုင်းဆိုင်းဘုတ် အချပ် ၄၀ ကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ပါတယ်။ ၂၀၀၈ ခြေဥကို ပြင်ဆင်မှသာ ဒီမိုကရေစီအပြည့်အဝ ခံစားရမယ်လို့ ယုံကြည်ပါတယ်။ မတ်လတုန်းက လူအင်အား ၃၅၀၀ ကျော်တယ်၊ အခုဟာက ဝါဆိုအခါတွင်းနဲ့ တိုက်ဆိုင်သွားတယ်" လို့ ပြောပါတယ်။

ပျော်ဘွယ်မြို့မှာ ၂၀၀၈ ခြေဥပြင်ဆင်ရေးထောက်ခံပွဲကို ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။

ကျောက်တိုင်ကွင်းမှာ စုရပ်လုပ်ပြီး ပျော်ဘွယ်ဈေး တပတ်ပတ်ကာ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ကျောက်တိုင်ကွင်းကို ပြန်ဝင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ် ၂၅ ရက်တုန်းက ၂၀၀၈ ခြေဥပြင်ဆင်ရေးထောက်ခံပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် လာရောက်ဟောပြောခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013