DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအလှူ သံဃာများ ပယ်ချ
DVB
·
November 30, 2012
Donate to DVB

သံဃာတွေ အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဇောတိကရွာမ စာသင်တိုက်တွင်း သီတင်းသုံးနေတဲ့ သံဃာအပါး ၁၂၀၀  ခန့်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး ကပ်လှူတဲ့ ဆွမ်းကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာတန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ အောင်လက်မှတ် ကပ်လှူတဲ့ပွဲမှာ အရုဏ်ဆွမ်းလောင်းလှူဖို့ နိုဝင်ဘာ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လာလျှောက်ရာမှာ ငြင်းပယ်လိုက်တာလို့ ဆရာတော်တွေကို တွေ့ဆုံမေးမြန်းနေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက ပြောပါတယ်။

မတင်မာဆွေက “ဇောတိကဆရာတော်ကြီးနဲ့ သံဃာတော်တွေက ဦးသာအေးကပ်လှူမယ့် ဆွမ်းကို လုံးဝ ဘုန်းမပေးနိုင်ပါဘူး။ ဆွမ်းလောင်းလှူခြင်းလည်း မခံနိုင်ပါဘူးဆိုပြီးတော့ ငြင်းပယ်လွှတ်လိုက်တယ်။ ဘာကြောင့် ငြင်းပယ်လိုက်ရတာလဲလို့ မေးတော့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဒီနယ်မြေမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်လို့ ပြောလိုက်ကြတယ်။ သူတို့က မနက်ဆိုလို့ရှိရင် သံဃာတွေကို ၀န်ကြီးချုပ်၊ ၀န်ကြီးချုပ်ဇနီး၊ တိုင်းမှူးကော၊ တိုင်းမှူးဇနီးတွေက စီတန်းပြီး ကျောင်းတိုက်ထဲကနေပြီးတော့ သပိတ်တွေထဲကို လောင်းတာ၊ အဲဒါကို သူတို့က အချက်အပြုတ်လည်း မခံတာ၊ အလောင်းလည်း မခံတာ”  လို့ ပြောပါတယ်။

ဦးသာအေးဟာ စစ်တိုင်းမှူးဘ၀ကတည်းက မနှစ်ကထိ ဆက်တိုက် ဆွမ်းဆက်ကပ်လောင်းလှူခဲ့သူဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ အရုဏ်မတက်ခင် သပိတ်စခန်း ဖြိုခွင်းမှုမှာ တာဝန်အရှိဆုံးလို့ သံဃာတွေက ယူဆပြီး ဆွမ်းကို ငြင်းပယ်ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013