DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုပပျောက်ရေး မိသားစုလိုက်စက်ဘီးစီးအဖွဲ့ ဖြူးမြို့နယ်ရောက်ရှိ
DVB
·
July 17, 2019
သက်ငယ်မုဒိမ်းမှုပပျောက်ရေး မိသားစုလိုက်စက်ဘီးစီးအဖွဲ့ ဖြူးမြို့နယ်ရောက်ရှိ
1 / 5
Donate to DVB

သက်ငယ်မုဒိမ်းမှုတွေပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မှ နေပြည်တော်သို့ စက်ဘီးစီးတဲ့ မိသားစုဟာ ဇူလိုင်လ ၁၆ ရက် ညပိုင်းက ဖြူးမြို့နယ်ကို  ရောက်ရှိလာပါတယ်။

ပရဟိတသဘောမျိုးနဲ့ စက်ဘီးစီးနင်းခြင်းဖြစ်ပြီး နေပြည်တော်ကို ဒီကနေ့ ဇူလိုင် ၁၇ ရက်နေ့ အရောက် စီးနင်းသွားမယ်လို့ စက်ဘီးစီးအဖွဲ့မှာ ပါဝင်တဲ့ ကိုကျော်ဇင် (ကျားပေါက်) ကပြောပါတယ်။

"ကျနော့်မှာ သမီးလေးနှစ်ယောက်ရှိတယ်။ သမီးနှစ်ယောက်ဖခင်ဖြစ်တဲ့အတွက် သက်ငယ်မုဒိမ်းမှုတွေ များပြားလာတာကြောင့် စိတ်ပူရတယ်။ ဒါကြောင့် ဘာအရောင်အသွေးမှ မပါဘဲ သက်ငယ်မုဒိမ်းမှုတွေ ပျောက်ပါစေဆိုပြီး ပရဟိတ သဘောမျိုးနဲ့ အခုလိုစက်ဘီးစီးတာပါ"

အဆိုပါစက်ဘီးစီးအဖွဲ့မှာ  ၇ နှစ်အရွယ်နဲ့ ၂ နှစ်ခွဲအရွယ် သမီးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးပါဝင်ပြီး ကလေးငယ်နှစ်ဦးအတွက် ရာသီဥတုဒဏ်ကိုခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ ရတယ်လို့ လည်းဆိုပါတယ်။ 

အဆိုပါမိသားစုဟာ ရန်ကုန်ကနေ ဇူလိုင်၁၅ရက်က စတင်ထွက်ခွာခဲ့တာဖြစ်ပြီး ခရီးဝေး မိသားစုလိုက် စက်ဘီးစီးတာဟာ ယခုအကြိမ်အပါအဝင် (၉)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013