DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ​ တောင်​ကြီးတွင် ပြုလုပ်
DVB
·
July 17, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ​ တောင်​ကြီးတွင် ပြုလုပ်
1 / 5
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ကို ထောက်ခံတဲ့အနေနဲ့ ရှမ်းပြည်နယ် ​တောင်​ကြီးမြို့မှာ ​ဒေသခံ​တွေက ​ဇူလိုင်​ ၁၇ ရက်​နေ့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ​တောင်ကြီး ဒေသခံတွေရဲ့ သ​ဘောထားပြသဖို့နဲ့ ပြည်​သူအသံပါ​ဝင်​ဖို့ ခုလို ဆန္ဒထုတ်ဖော်တာဖြစ်ပြီး ပြည်​သူ့ဆန္ဒမပါဘဲ​ရေးဆွဲထားတဲ့ ၂၀၀၈ ​ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ပြင်​ဆင်​​လိုတဲ့အတွက်​ ထောက်​ခံပွဲပြုလုပ်​တာလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဟာ အဓိက စစ်​အာဏာရှင်​​ရေးဆွဲတဲ့ဥပ​ဒေဖြစ်​တယ်​၊ ပြည်​သူအတွက်​ ​ကောင်းကျိုးမ​ပေးတဲ့ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ဖြစ်​လို့ ပြင်​ဆင်​ချင်​ကြတာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ 

တရားလွှ​တ်​​တော်​​ရှေ့​နေ ဦးသိန်း​ရွှေက “၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေဟာ ကမ္ဘာမှာ မရှိတဲ့ဥပ​ဒေဖြစ်​တယ်​၊ ပြင်​ဆင်​မယ်​ဆို ဒီမိုက​ရေစီနည်းကျပြင်​ဆင်​ဖို့လိုတယ်​”လို့ ပြော​ပါတယ်​။

ဒီကနေ့ လူထု​ထောက်​ခံပွဲမှာ ​သေနတ်​ဖြင့် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို အလိုမရှိလို့  ရေးထားတဲ့စာပါ အင်္ကျီတွေ ၀တ်ဆင်ကာ လမ်း​လျှောက်​ ချီတက်​ခဲ့ကြပါတယ်​။

ဆန္ဒပြသူတွေဟာ ​တောင်​ကြီးမြို့ ​မင်း​ကျောင်းဘုန်းကြီး​ကျောင်း​ရှေ့မှာ စုရပ်​ထားပြီး ဗိုလ်​ချုပ်​​အောင်​ဆန်း လမ်းမကြီးအတိုင်း ဗိုလ်​ချုပ်​​အောင်​ဆန်းပန်းခြံထိ လမ်း​လျောက်​ချီတက်​ကြတာ ဖြစ်​ပါတယ်​။

တောင်​ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်​လ ၂ ရက်​​နေ့က ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေ ပြင်​ဆင်​​ရေး​ထောက်​ခံပွဲ တ​ကြိမ်​ပြုလုပ်​ခဲ့ပြီး ယခုမှာ ဒုတိယအကြိမ်​ ပြုလုပ်​တာဖြစ်ပါတယ်​။

သတင်း- ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013