DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခိုင်မာတိကျစွာ အကောင်အထည်ဖော်ရန် ကေအန်ပီပီတိုက်တွန်း 
DVB
·
July 17, 2019
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခိုင်မာတိကျစွာ အကောင်အထည်ဖော်ရန် ကေအန်ပီပီတိုက်တွန်း 
Donate to DVB

အစိုးရနဲ့ တွေ့ဆုံမှုတိုင်းမှာ ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်ပေမယ့် ယေဘုယျ သဘောတူညီချက်တွေနဲ့တင် ရပ်တန့်မနေပဲ ခိုင်မာတိကျတဲ့ အကောင်အထည်ဖော်လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

“ကျနော်တို့ ကြားကောင်းအောင်တော့ ယေဘုယျအဖြစ်သဘောတူခဲ့တဲ့ အဆင့်ကို ကျော်လွန်ပြီးတော့ ကျနော်တို့ ခိုင်မာတိကျတဲ့ အကောင်အထည် လက်ဆုပ်လက်ကိုင်ပြုပြီး တကယ်တမ်း ဆောင်ရွက်ရမယ့် လုပ်ငန်း အဖြေရှာမှုမျိုးကို ကျနော်တို့ ဦးတည်သွားသင့်တယ်”လို့ ခူဦးရယ်က ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ NRPC အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး NRPC ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “လက်ရှိအစိုးရလက်ထက်မှာ ကေအန်ပီပီ အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ DPM ကာလအပါအ၀င် တွေ့ဆုံမှုပေါင်း ၂၄ ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံမှုတိုင်းမှာလည်း ရလဒ်ကောင်းတွေ အပြန်အလှန် နားလည် ယုံကြည်မှုတွေ တိုးတက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် မလို့ ကေအန်ပီပီအနေနဲ့ အခုအစိုးရနဲ့ ယခုထက်ပိုမိုပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ရှေ့ တလှမ်းတိုးပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြည့်အ၀ ပါဝင်ဖို့ကိုလည် ကျနော်တို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

ကေအန်ပီပီအဖွဲ့ဟာဆိုရင် အစိုးရနဲ့  အန်စီအေရေးထိုးနိုင်ဖို့အတွက် UNFCရဲ့ အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းရာမှာ အားလုံးနီးပါးသဘောတူနိုင်မယ့် အခြေအနေကောင်းရရှိခဲ့ပေမယ့် အန်စီအေလမ်းကြောင်းမှာတော့ မပါဝင်နိုင်သေးဘဲ ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ပါတယ်။

အခုလို တွေ့ဆုံမှုတိုင်းမှာလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု အပါအ၀င် NRPC ရဲ့ ငြိမ်းချမ်းရေးရန်ပုံငွေနဲ့ IDP တွေ ပြန်လည်နေရာချထားဖို့ ကိစ္စရပ်တွေ၊ အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013