DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် H1N1 ရာသီတုပ်ကွေးလူနာ ၄ ဦးအထိရှိလာ
DVB
·
July 17, 2019
ရခိုင်ပြည်နယ်တွင် H1N1 ရာသီတုပ်ကွေးလူနာ ၄ ဦးအထိရှိလာ
Donate to DVB

ရခိုင်ပြည်နယ်မှာ  ဒီနှစ်စပိုင်းကနေ လက်ရှိ ဇူလိုင် ၁၇ ရက်အထိ  ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ပိုးရှိတဲ့လူနာ ၄ ဦးတွေ့ရတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

စတင်တွေ့ရှိခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စတင်ပြီး သံသယလူနာ ၅၀ ကို ဓာတ်ခွဲစမ်းသပ်ရာ ရာသီပေါ်တုပ်ကွေးနဲ့ဆိုင်တဲ့ ရောဂါပိုးရှိသူ ၂၁ ဦးတွေ့ရပြီး အဲဒီထဲကမှ H1N1 လူနာ ၄ ဦးတွေ့တာလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

“ရခိုင်ပြည်နယ်အနေနဲ့ဆိုရင် ဓာတ်ခွဲစစ်ဆေးတဲ့လူနာ ၅၀ ရှိတယ်။ အဲဒီထဲမှာ ၂၁ ယောက်ဖြစ်ပွားတယ်လို့ သိရတယ်ပေါ့နော်။ ၂၁ ယောက်ဆိုတာ H1N1 ၂၁ ယောက် မဟုတ်ဘူး။ H3 လည်းပါတယ်။ အခု H1N1 က စုစုပေါင်း ၄ ယောက်ပါ။ ၂၁ ယောက်ကတော့ ရာ သီတုပ်ကွေးနဲ့ ဆိုင်တဲ့ ပိုးတွေ့တယ်။ H1N1 လို့ခေါ်တဲ့ ရာသီတုပ်ကွေးမှာက အမျိုးကွဲပေါင်းတွေ အများကြီးပဲလေ။ အခု ပြည်သူတွေ လန့်နေတဲ့ H1N1 က ကျနော်တို့ တပြည်နယ်လုံး အတိုင်းအတာနဲ့ ၄ ယောက်ပဲတွေ့ပါသေးတယ်။ သေဆုံးမှုမရှိဘူး”လို့ ပြောပါတယ်။

H1N1 ပိုးတွေ့တဲ့ လူနာတွေထဲမှာ စစ်တွေမြို့နယ်က ၃ ဦးနဲ့ မာန်အောင်မြို့နယ်က ၁ ဦးတို့ ပါဝင်ပြီး အသက် ၁၅ နှစ် နဲ့ အသက်လတ်ပိုင်းအရွယ်ရှိသူတွေလို့ ဆိုပါတယ်။

ရာသီပေါ်တုပ်ကွေးရောဂါ H1N1ဟာ မိုးဦးနဲ့ဆောင်းဦးရာသီတွေမှာ အဖြစ်များလေ့ရှိပြီး ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာတွေ၊ နှာရည်ယို၊ လည်ချောင်းနာ ချောင်းဆိုး၊ ခေါင်းကိုက်နဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဖျားကြီးတာ၊ အသက်ရှုပ်ကြပ်တာ၊ ဂနာမငြိမ်ဖြစ်တာတွေနဲ့ သတိလစ်တာတွေဖြစ်တတ်ပါတယ်။

ဇူလိုင် ၁၆ ရက်အထိ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတပြည်လုံးမှာ ရာသီပေါ် တုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၅၆ ဦးအထိရှိနေပြီး  ရခိုင်ပြည်နယ်မှာတော့ သေဆုံးသူ မရှိပါဘူး။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013