DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့ ချင်းတွင်းတံတားလမ်းဆုံတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ
DVB
·
July 17, 2019
ကလေးဝမြို့ ချင်းတွင်းတံတားလမ်းဆုံတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ
1 / 5
Donate to DVB

ကလေးဝမြို့ ချင်းတွင်းတံတားလမ်းဆုံမှာ ယမ်းဖောက်ခွဲရာမှာသုံးတဲ့ အသုံးပြုတဲ့ ယမ်းဘီးလူးလို့လူသိများတဲ့ ဒီတိုနေတာယမ်းအတောင့် ၅၀၀၀၀ခန့်ကို သယ်ဆောင်လာသူနဲ့အတူ ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးဝရဲစခန်းက သိရပါတယ်။

ယမ်းတောင့်တွေကို မြစ်သာတံတားအတက် လမ်းဆုံ စုပေါင်းဂိတ်စစ်ဆေးရေးမှာ မနက် ၅ နာရီခွဲလောက်က စစ်ဆေးနေရာကနေ အမျိုးသားတဦးစီးလာတဲ့ ဆိုင်ကယ်နောက် ထန်းခေါက်တောင်း ထဲက ကျောပိုးအိပ်ထဲကနေ တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုနေတာ ယမ်းတောင့်တွေကို အတောင့် ၁၀၀ ပါဘူး ၅ ဘူး နဲ့အတူ ကတ်တွေနဲ့ပါ တင်ဆောင်လာတာဖြစ်ပြီး ယမ်းတောင့်ပေါင်း ၄၉၉၉၉ တောင့် ဖမ်းမိခဲ့ပြီး တင်ဆောင်လာသူဟာ ကလေးမြို့ တာဟန်းရပ် နယ်မြေ ၇ နေ အောင်မျိုးထွန်းခ (ခ) ကပ်နိုင်ပြန်းဆိုသူ ဖြစ်ပြီး နောက်ပါ တဦးဖြစ်တဲ့ တာဟန်းနယ်မြေ ၇ မှာ နေထိုင်သူ ဦးဌေးဝင်း ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီတိုနေတာ ယမ်းတောင့်ဟာ ဖောက်ခွဲရေးပစ္စည်းတွေမှာ မပါမဖြစ် စနစ်တံအဖြစ် အသုံးပြုနိုင်ပြီး မန္တလေးမြို့ သပိတ်ကျင်း ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ ရောင်းဖို့ တဘူးကို ကျပ် ၁၃၀၀၀နဲ့ အိမ်လာရောင်းတဲ့ အမည်မသိ ချင်းအမျိုးသားတဦးစီးက ဝယ်ယူထားတာလို့ ဦးဌေးဝင်က ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီအတွက် ဒီတိုနေတာ သယ်ဆောင်သူ အောင်မျိုးထွန်းနဲ့ ဦးဌေးဝင်းတို့ကို အမှုဖွင့် စစ်ဆေးနေပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013