DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ကျင်းပ 
DVB
·
July 17, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ကျင်းပ 
1 / 10
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီက တင်သွင်းလာတဲ့ အစီရင်ခံစာကို ထောက်ခံကြိုဆိုပွဲကို ဒီကနေ့ ဇူလိုင်လ ၁၇ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံတာဟာ မြန်မာပြည်သူတိုင်းရင်းသားအားလုံး အတွက်ဖြစ်ပြီး လက်ရှိရေးဆွဲထားတဲ့ဥပဒေဟာ တပ်မတော်ရဲ့အခန်းကဏ္ဍမြှင့်တင်ထားတာ ကြောင့် လျှော့ချဖို့လိုအပ်တယ်လို့ တက်ရောက်ဟောပြောသူတွေက ဆိုပါတယ်။ 

ဆရာသရဝဏ်(ပြည်)က “ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံတော်သမ္မတ လက်အောက် မှာ ရှိဖို့လိုသလို လက်ရှိရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ဆိုရင် အရေးကြီးတဲ့ ပုဒ်မတွေ အတွက် လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုလိုသလို မဲပေးပိုင်ခွင့်ရှိသူရဲ့ ထောက်ခံမဲထက်ဝက်ကျော်ရမှ ပြင်ဆင်လို့ရမယ့်အပေါ် မမျှတတာကြောင့် ၄၅ဦးကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံတာ” လို့ပြောပါတယ်။

ဒီထောက်ခံပွဲကို စာရေးဆရာ သရဝဏ်(ပြည်)၊ ဆရာနေမျိုးအေးတို့က တက်ရောက် ဟောပြောခဲ့ပြီး ပြည်သူ ၁၀၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013