DVB Logo
Home
မြန်မာသတင်း
၁၃ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့်ကြည့်ရမည့် ‘သူစိမ်းအိမ်’ရုပ်ရှင်မိတ်ဆက်
DVB
·
July 17, 2019
၁၃ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့်ကြည့်ရမည့် ‘သူစိမ်းအိမ်’ရုပ်ရှင်မိတ်ဆက်
1 / 4
Donate to DVB

ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းက Junction City မှာ ပြုလုပ်ခဲ့ပါတယ်။

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားရဲ့ ထူးခြားချက်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တဲ့အခါ ၁၃ နှစ်အောက်ကလေးတွေ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးက “အနုပညာကို လွတ်လွတ်လပ်လပ်ဖန်တီးတာဖြစ်လို့ ထွက်လာတဲ့အချိန် သင့်တော်၊ မသင့်တော်တဲ့ ပရိတ်သတ်တွေကြည့်ဖို့ တချို့ပြကွက် အရမ်း ရက်စက်တဲ့ဇာတ်ကွက်လေးတွေ ပါတာရှိလို့ ငယ်သေးတဲ့ကလေးတွေကြည့်ဖို့ ကြောက်သွားမှာတို့ ဖြစ်မှာစိုးလို့ ကျနော်တို့ Production ကနေ ခုလိုလေး သတ်မှတ်လိုက်တာပါ”လို့ ပြောပါတယ်။

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး တို့နဲ့အတူ တက်သစ်စအနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

မေစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013