DVB Logo
Home
မြန်မာသတင်း
အရက်ကင်းမဲ့ဇုန် ဇင်းကျိုက်ရေတံခွန်တွင် လိုင်စင်မဲ့အရက်ရောင်းချသူများကို ဖမ်းဆီး 
DVB
·
July 17, 2019
အရက်ကင်းမဲ့ဇုန် ဇင်းကျိုက်ရေတံခွန်တွင် လိုင်စင်မဲ့အရက်ရောင်းချသူများကို ဖမ်းဆီး 
1 / 4
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အရက်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ခံထားရတဲ့ ဇင်းကျိုက်ရေတံခွန်မှာ ဇူလိုင် ၁၆ရက်ညနေပိုင်းက လိုင်စင်မဲ့အရက် ရောင်းချနေသူ ၃ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပေါင်မြို့နယ်ရဲစခန်း ဒုစခန်းမှူး ရဲအုပ်တင်ညွန့်ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သက်သေတွေ၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဇူလိုင် ၁၆ရက် ညနေ ၄ နာရီခွဲက ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ရှိ ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းအတွင်း ၀င်ရောက်ရှာဖွေခဲ့ရာ လိုင်စင်မဲ့ အရက်ရောင်းချနေသူ ဒေါ်သန်းမြိုင်၊ ဦးပန်းမွှေးနဲ့ ကိုထက်ဝင့်သူတို့ကို ဖမ်းဆီးရမိခဲ့တာပါ။

ရဲစခန်းတာဝန်ရှိသူတဦးက"ရေတံခွန်မှာ အရက်ဘီယာတွေ ခိုးရောင်းနေတယ်ဆိုပြီး သတင်းအရ သက်သေလူကြီးတွေနဲ့ သွားဖမ်းတာပါ။ နောက်ပြီးဒီနယ်မြေက အရက်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်နေတယ်။ ဇုန်မသတ်မှတ်ခင်ကတော့ အရက်မူးပြီး လူသေဆုံးမှုတွေ မကြာခဏဖြစ်နေကြပါ။ ခုနောက်ပိုင်းတော့ လူသေဆုံးမှုက တဖြေးဖြေးလျော့လာပါပြီ"လို့ ပြောပါတယ်။

ဖမ်းဆီးခဲ့ရာမှာ GRAND ROYAL အရက်ပုလင်း ၅၈လုံး၊ GRAND MASTER အရက်ပုလင်း ၅လုံး၊ ဘီယာမျိုးစုံ ၂၂၁ ဗူး၊ SPY ၉ လုံး၊ Army အရက် ၉ဘူး၊ အရက်ဆီပုံးအခွံ ၃ပုံး၊ အရက်ချိန်ငါးကြင်းခွက် ၂ခွက်နဲ့ ငွေလက်ငင်းဖြတ်ပိုင်းစာအုပ် ၁အုပ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက သိရပါတယ်။

တရားမ၀င်လိုင်စင်မဲ့အရက် ရောင်းချမှုနဲ့ပတ်သက်ပြီး ဒေါ်သန်းမြိုင်၊ ဦးပန်းမွှေးနဲ့ ကိုထက်ဝင့်သူတို့၃ဦးကို ပေါင်မြို့မရဲစခန်းက ယစ်မျိုးဥပဒေပုဒ်မ ၃၀(က)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်းကို အရက်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မွန်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာ  ၂၀၁၆ ဇွန်လ ၃၀ရက်မှာ လွှတ်တော်ကအတည်ပြုခဲ့တာပါ။

သတင်း/ဓာတ်ပုံ = ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013