DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် စိတ်ကြွမူးယစ်ဆေးများဖမ်းမိ
DVB
·
July 17, 2019
ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် စိတ်ကြွမူးယစ်ဆေးများဖမ်းမိ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်ရှိ စစ်ပြေးရှောင်ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းထဲမှာ ဇူလိုင် ၁၆ ရက်က စိတ်ကြွမူးယစ်ဆေးပြား ၅၀၀လောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ ပါတယ်။

တာခ်ခရိုင် ထပ်ဆောင်ယမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နိုင်းပထိဖို့ထရဲ ဦးစီးပြီး နယ်စပ်ရဲအမှတ် ၃၄၄ တပ်ပိုင်းဆိုင်ရာနဲ့ ဒုက္ခသည်စခန်းလုံခြုံရေးသမားတွေ ပူးပေါင်း ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။

မယ်လဒုက္ခသည်စခန်း ဇုန် C1A အိမ်နံပါတ် ၂၈၄  အိမ်ပိုင်ရှင် မောင်ဝင်း (အသက် ၄၇)နှစ်ကို မူးယစ်ဆေးရောင်းတဲ့ သတင်းအရ၀င်ရောက်ရှာဖွေတာဖြစ်ပြီး စိတ်ကြွမူးယစ်ဆေး ၄၉၈ ပြားနဲ့ ထိုင်းဘတ်ငွေ ၅၁၆၈၀ တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးရောင်းသူ မောင်ဝင်းကို ထပ်ဆောင်ယမ်းဆေးရုံသို့ ခေါ်ဆောင်ကာ မူးယစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မယ်လဒုက္ခသည်စခန်းဟာ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့အတွက် ဥပဒေ မကင်းတဲ့ ပြစ်မှုကျူး လွန်ပါက ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013