DVB Logo
Home
မြန်မာသတင်း
ဆဲဗင်းဇူလိုင်အထိမ်းအမှတ် သမဂ္ဂရင်ပြင်ကို ချီတက်သူများ တရားစွဲခံရ
DVB
·
July 16, 2019
ဆဲဗင်းဇူလိုင်အထိမ်းအမှတ် သမဂ္ဂရင်ပြင်ကို ချီတက်သူများ တရားစွဲခံရ
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က  ၅၇ နှစ်မြောက် 7 July အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ထဲက သမဂ္ဂရင်ပြင်ကို လမ်းလျှောက်ချီတက်အလေးပြုကြခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူ ၈ ဦးကို  ရဲတပ်ဖွဲ့က တရားစွဲလိုက်ပါတယ်။ 

တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)အဖွဲ့ဝင်တွေနဲ့ ဗကသကျောင်းသားတွေကို ကမာရွတ်မြိုနယ်နဲ့ လှိုင်မြို့နယ်က  ရဲတပ်ဖွဲ့တွေက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ။ 

ကမာရွတ်မြို့နယ်ရဲ စခန်းမှာ ဗကသကျောင်းသား ၆ ဦးကို စွဲဆိုခဲ့ပြီး လှိုင်မြို့နယ်ရဲစခန်းမှာတော့ တကသကျောင်းသားတွေဖြစ်တဲ့ ကိုမင်းဟန်ထက်နဲ့ ကိုဇင်မင်းဖြိုး တို့ကို တရားစွဲဆိုထားတာပါ။

ဒီအမှုကို ရုံးထုတ်စစ်ဆေးဖို့ လာမယ့် ၂၃ ရက်နေ့ချိန်းဆိုထားပြီး ဗကသကျောင်းသားတွေထဲက ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက်တို့ ၄ ဦးကတော့ ကမာရွတ်စခန်းမှာ ကိုယ်တိုင်ခံဝန်နဲ့ အာမခံရယူခဲ့ပေမယ့် ကျန်နှစ်ဦးရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။

၂၀၁၂ ခုနှစ်နောက်ပိုင်း  7 July အထိမ်းအမှတ်အခမ်းအနား ပြုလုပ်တာကို ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုတာဟာ လက်ရှိဒီမိုကရေစီလမ်းကြောင်း သွားနေတဲ့ အစိုးရတရပ်ကို မေးခွန်း ထုတ်စရာဖြစ်နေတယ်လို့  တရားစွဲခံရတဲ့ ကျောင်းသား ကိုခန့်မင်းထက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013