DVB Logo
Home
မြန်မာသတင်း
ရန်ကုန် - ကျောက်ဖြူ ကားလမ်းက ဒီရေလှိုင်းကာများ အချိန်မီ ပြင်ဆင်ရန် လိုအပ်နေ
DVB
·
July 16, 2019
ရန်ကုန် - ကျောက်ဖြူ ကားလမ်းက ဒီရေလှိုင်းကာများ အချိန်မီ ပြင်ဆင်ရန် လိုအပ်နေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊  ဇင်ချောင်းကျေးရွာအနီးနားက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ဒီရေလှိုင်းကာတွေဟာ ကျိုးပေါက်ပျက်စီးနေတာကြောင့် အချိန်မီ ပြန်လည်ပြင်ပေးဖို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

အခုလို အချိန်မီ ပြင်ဆင်မှုမရှိရင် ရန်ကုန်- ကျောက်ဖြူကားလမ်းမကြီး ပျက်စီးသွားနိုင်တဲ့ အနေထားမှာရှိတယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းတွေ မေးမြန်းခဲ့ပေမယ့် ရန်ပုံငွေ များများစားစား ချထားပေးတာမရှိဘူးလို့လည်းဆိုပါတယ်။

အဲဒီ ပင်လယ်ဒီရေလှိုင်းကာဟာ ဇူလိုင်လအတွင်းက မိုးများပြီး လှိုင်းကြီးခဲ့တာကြောင့် ကျိုးပေါက်ခဲ့ပြီး အချိန်မီပြန်လည်ပြုပြင်နေသလို အကြီးစား ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ရန်ပုံငွေ တင်ပြ လုပ်ဆောင်ပေးသွားမယ်လို့ ကျောက်ဖြူမြို့နယ် လမ်းဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ ပင်လယ်ဒီရေလှိုင်းကာကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစတင်ကာ နှစ်စဉ်နှစ်တိုင်း ရန်ပုံငွေအနည်းနဲ့ ပြုပြင်တည်ဆောက်နေရတာကြောင့်  ရန်ကုန်-ကျောက်ဖြူကားလမ်းမ အနီးမှာရှိတဲ့ မြေတွေဟာ ပင်လယ်ဒီရေလှိုင်းပုတ်တဲ့ ဒဏ်ကို ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013