DVB Logo
Home
Lead Story
နေတိုးနှင့် ၀တ်မှုံရွှေရည် အတွဲညီညီ သရုပ်ဆောင်ထားသည့် နှစ်ပါးသွား Update ရုပ်ရှင်(နမူနာ)
DVB
·
July 16, 2019
နေတိုးနှင့် ၀တ်မှုံရွှေရည် အတွဲညီညီ သရုပ်ဆောင်ထားသည့် နှစ်ပါးသွား Update ရုပ်ရှင်(နမူနာ)
Donate to DVB

     ပေါ့ပေါ့ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် နှစ်ပါးသွား Update ရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

     ဒီကားကိုတော့ အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ကိုကျော်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

     နှစ်ဦးသဘောတူ ချစ်ကြိုက်ကြလို့ မဟုတ်ပဲ မိဘတွေရဲ့ မင်္ဂလာပွဲ အတင်းအကြပ် စီစဉ်မှုကြောင့် လက်ထပ်ခဲ့ကြရတဲ့ Rose နဲ့ သတိုးတို့ စုံတွဲအကြောင်းကို ဒီကားထဲမှာ ရှု စားကြရမှာပါ။ လက်ထပ်ကြပြီးတဲ့နောက်မှာ သူတို့စုံတွဲဟာ ပြင်ဦးလွင်က အမွေရတဲ့ ခြံ ထဲကို ပြောင်းလာကြချိန်မှာ တဦးတည်းသော သမီးမို့ ဆိုးချင်တိုင်းဆိုးနေတဲ့ Rose နဲ့ လူတကာကို နောက်ပြောင်ကျီစယ်ဆေးထိုးကြမ်းတဲ့ သတိုးတို့ ဘယ်လိုဆက်ပြီး နှစ်ပါးသွားကြမလဲ။ တကယ်ပဲ သူတို့နှစ်ယောက်ရဲ့ ခရီးလမ်းမှာ အပြန်အလှန် အနိုင်မခံ တုံ့ပြန်မှုတွေကြောင့် ဝေးသွားကြမလား။ နီးစပ်လာကြမလားဆိုတာတွေကို ဒီကားထဲမှာ အချစ်၊ ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

     ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီး ၂ ဦးဖြစ်ကြတဲ့ နေတိုးနဲ့ ၀တ်မှုန်ရွှေရည်တို့က ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြား ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

     နှစ်ပါးသွား Update ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က Mingalar Gold Class Cinema မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

     ဒီရုပ်ရှင်ကား Trailer ဟာ Facebook အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာ လတ်တလောအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့ တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013