DVB Logo
Home
မြန်မာသတင်း
ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် ဗုဒ္ဓပန်းချီကားများ အိန္ဒိယသံရုံးတွင်ပြသ
DVB
·
July 16, 2019
ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် ဗုဒ္ဓပန်းချီကားများ အိန္ဒိယသံရုံးတွင်ပြသ
1 / 8
Donate to DVB

မြန်မာပန်းချီကားတွေ ပိုမိုလူသိများလာစေဖို့ရည်ရွယ်ပြီး ပန်းချီဆရာ ၇ ဦး ပုံဖော်ရေးသားထားတဲ့ ဗုဒ္ဓ ပန်းချီကားတွေကို  ဝါဆိုလပြည့်နေ့က ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှာ ပြသခဲ့ပါတယ်။

Asia Art Connect နဲ့ အိန္ဒိယသံရုံးတို့ ပူးပေါင်းပြီး  နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေမှာ ဗုဒ္ဓပန်းချီကားတွေကို ပထမဆုံးအကြိမ်  ပြသတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး  နိုင်ငံတကာမှာ ဘာသာတရားနဲ့ ပတ်သက်လို့ ပိုမိုသိရှိစေချင်တဲ့အတွက် ရွှေတိဂုံဘုရားပုံရေးဆွဲခဲ့တာဖြစ်တယ်လို့ ဒီပြပွဲမှာ ပါဝင်ရေးဆွဲခဲ့တဲ့ ပန်းချီဆရာတဦးကပြောပါတယ်။

မြန်မာနိုင်ငံက  ပြည်သူတွေဟာ ပန်းချီအနုပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှု အားနည်းနေသေးတယ်လို့လည်း ပန်းချီဆရာတွေကပြောပါတယ်။

ဒီပြပွဲမှာ ဗုဒ္ဓပုံတူပန်းချီကားတွေအပြင် ရွှေတိဂုံစေတီတော်နဲ့ ပုဂံကဘုရား ပုထိုးပုံတွေကိုလည်း ပန်းချီရေးချယ်ပြသထားပါတယ်။

မြန်မာ ပန်းချီအနုပညာကို နိုင်ငံတကာအထိ ထိုးဖောက်ဖို့ နောက်ထပ်ပန်းချီပြပွဲတွေကိုလည်း ကျင်းပသွားမှာဖြစ်ပြီး  လာရောက်ကြည်ရှုကြဖို့ Asia Art Connect အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013