DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
DVB
·
November 30, 2012
လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
1 / 2
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အစိုးရဘက်က အကြမ်းဖက် ဖြိုခွင်းတဲ့အပေါ် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချလိုက်ပါတယ်။

ဒီမနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း မုံရွာမြို့ မြစ်ဆိပ်အောက်ဘက် သဲသောင်ပြင်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာလို့ မုံရွာမှာသတင်းရယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေက ပြောပါတယ်။

“အဓိကက သူက ဟိုတနေ့ညက အကြမ်းဖက်သွားတာနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စကို ရှုတ်ချတယ်လို့ သူပြောပါတယ်။ လက်ပန်းတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်လို့ ရွာသူရွာသားတွေနဲ့ ကုမ္ပဏီနဲ့ သူအတတ်နိုင်ဆုံး စေ့စပ်ပေးမယ်လို့ သူ ပြောပါတယ်။ လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို သွားရောက်ခဲ့ပြီး ၀မ်ပေါင်ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ကံကုန်းကျေးရွာမှာ ပြည်သူတွေကို မိန့်ခွန်းပြောဆိုရာမှာလည်း လက်ပန်းတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ သူကြားဝင်ဆောင်ရွက်ပေးမယ်ဆိုတာ ပြောဆိုခဲ့ပါသေးတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ မိန့်ခွန်းပြောဆိုပြီး တည်းခိုရာဟိုတယ်ကို ပြန်ခဲ့ပြီးတဲ့နောက် ည ၈ နာရီကျော်လောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာမြို့ဆေးရုံက သံဃာဆောင်မှာ ဒဏ်ရာရ သံဃာတော်တွေကို သွားရောက်ကြည့်ရှုအားပေး မေးမြန်းပါတယ်။ ဒီနောက် လက်ပန်းတောင်းတောင်ခြေက ရွာသူရွာသားတွေနဲ့ ဆက်တိုက်တွေ့ဆုံပွဲတွေ လုပ်နေတယ်လို့ ကိုကျော်ဇေက ပြောပါတယ်။

“မနေ့ညက ရွာ ၆ ရွာက လူ ၆ ယောက်နဲ့ တွေ့ပါတယ်။ ဒီမနက်မှာတော့  ရွာ ၂၀ က ရွာသားတွေနဲ့ ဟိုတယ်မှာ တွေ့နေတယ်။ ဒဏ်ရာရတဲ့လူတချို့လည်း ရောက်လာပြီး ဒေါ်စုနဲ့ တွေ့နေတယ်။ ဟိုတယ်ထဲမှာ တွေ့နေတာက အာဏာပိုင်တွေ တိုင်းဒေသကြီး ၀န်ကြီးတွေ ပါတယ်လို့ ပြောတယ်။ အဲဒါတွေ တွေ့ပြီးရင် ကျနော်တို့ သတင်းထောက်တွေနဲ့ တွေ့မယ်။ သတင်းထောက်စာရင်းပေးထားရတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013