DVB Logo
Home
Lead Story
ကွယ်လွန်သွားသည့်ချစ်သူနှင့် အမှတ်တရပုံရိပ်များ ထည့်သွင်းရိုက်ကူးထားသည့် နီလန်း၏ သီချင်းသစ် (ရုပ်သံ)
DVB
·
July 16, 2019
ကွယ်လွန်သွားသည့်ချစ်သူနှင့် အမှတ်တရပုံရိပ်များ ထည့်သွင်းရိုက်ကူးထားသည့် နီလန်း၏ သီချင်းသစ် (ရုပ်သံ)
Donate to DVB

     “မင်းလေးပြောခဲ့ဖူးတဲ့ တသက်စာအချစ်ဟာ ဒါလား… မင်းနဲ့လျှောက်မယ့် လမ်းခရီး ဒီမှာပဲဆုံးမလား… ကြည်နူးခဲ့ကြတဲ့အတိတ်တွေ မြင်ယောင်ရင်း…ငိုကြွေးနေရမလား”

     ဒါကတော့ အသစ်ထွက်ရှိလာတဲ့ မြန်မာအိုင်ဒေါ တေးသံရှင် ချင်းတိုင်းရင်းသူ နီလန်းရဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

     ရူးတော့မယ်လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နီလန်းက သူကိုယ်တိုင်ပဲ ရေးစပ်ထားခဲ့ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာပါ။

     “ငါတယောက်တည်း ကြေကွဲရင်း ဘယ်အချိန်ထိ ငိုကြွေးရမလဲ… ငါတယောက် တည်း နင်ထားရက်နိုင်ခဲ့တယ်… ညအိပ်မက်တွေမှာပဲ ဆုံနိုင်တော့တဲ့ တွေ့ဆုံမှု… တ ကယ်ပါ တသက်စာအတွက် ငါယုံကြည်နေဆဲ… ပြန်လည်တွေ့ဆုံဖို့”

     နီလန်းဟာ မနှစ်က ကျင်းပခဲ့တဲ့ Myanmar Idol Season 3 မှာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာကတဆင့် ပရိသတ် သတိပြုမိခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

     နီလန်းဟာ ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ်အတွင်းမှာ ချစ်သူက ကြိုးဆွဲချ သေဆုံးတဲ့ အ ဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

     ခုလတ်တလောထွက်ရှိလာတဲ့ သီချင်းသစ် “ရူးတော့မယ်”ထဲမှာတော့ ကွယ်လွန် ခဲ့တဲ့ ချစ်သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အမှတ်တရပုံရိပ်တွေထည့်သွင်းရိုက်ကူးထားခဲ့တာကို တွေ့ ရပါတယ်။

     “အိုး… မဖြစ်နိုင် တော့တဲ့ မျှော်လင့်ချက်… မတွေ့နိုင်တော့တဲ့ အချစ်ဆုံးလေး… တွေးနေရင်းနဲ့ လွမ်းနေရင်းနဲ့ ငါလေ ရူးတော့မယ်… နင်သွေးအေးမှာ ငါစိုးရိမ်… နင်မ ချစ်တော့မှာ ငါကြောက်တယ်… အချစ်ဆုံး… ငါမခံစားနိုင်လို့”

     ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပရိသတ်(Followers) ၂ သိန်းနီးပါးရှိနေပြီဖြစ်တဲ့ နီလန်းက ဒီ သီချင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့ပြီး ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။

     “ပထမဦးဆုံးအနေနဲ့ ဒီသီချင်းလေးကို Nilen နေရာကနေ အငှားခံစားပြီး နားဆင် ပေးပါ။(တစ်ခုခုတော့ ကျန်ခဲ့မှာပါ)… ကိုယ့်ချစ်သူ အသက်ရှင်နေတုန်းကိုယ့်ဘေးမှာ ရှိနေတုန်း တန်ဖိုးထားပေးပါ။သစ္စာရှိရှိချစ်ပေးပါ။ ကိုယ့်မှာရှိတဲ့အချစ်တွေ အကုန်လုံး ပေးပြီး အပြည့်အဝချစ်ပေးလိုက်ပါ။ ချစ်သူကို ပျော်အောင်ထားပါ။(ဘယ်တော့မှ နောင် တရမှာ မဟုတ်ဘူး) သူ့ကို တကယ်ချစ်ရင် သွားခွင့်မပြုပါနဲ့။ လက်လွတ်ဆုံးရှုံး မခံပါနဲ့။ သူ့လက်ကိုမြဲအောင်ဆွဲထားပါ။ Nilen ကတော့ သူ့လက်ကိုဆွဲထားချင်ခဲ့ပေမယ့် သူ့ ဘေးနားမှာမရှိနိုင်ခဲ့လို့ သူ့ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရခဲ့ဘူး။ လူတိုင်းလူတိုင်း Nilen လို ဖြစ်ရပ်မျိုးနဲ့ မကြုံရပါစေနဲ့လို့ Nilen ဆုတောင်းပေးပါတယ်။ ချစ်တတ်သူ တိုင်း ကိုယ်တကယ် ချစ်မြတ်နိုးတဲ့သူတွေနဲ့ ညားနိုင်ကြပါစေ”

     လတ်တလောမှာတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး နီလန်းကို အားပေးစကားပြောသူ၊ ချီးကျူးသူ၊ မှတ်ချက်ပေးသူ၊ ပြန်လည်မျှဝေသူတွေနဲ့အတူ ပရိသတ်တွေကြားမှာ ရေပန်း စားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013