DVB Logo
Home
မြန်မာသတင်း
တန့်ယန်းတွင် ဘုန်းကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပွား 
DVB
·
July 16, 2019
တန့်ယန်းတွင် ဘုန်းကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပွား 
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ထဲမှာ ဇူလိုင် ၁၅ရက်ညက လုံပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

မနေ့ည ၉ နာရီလောက်က ဆိုလာပြားနဲ့ အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲရာက  နေ မီးစတင်လောင်ကျွမ်း ခဲ့တာလို့ တန့်ယန်းမြို့နယ် အရံမီးတပ်တပ်ဖွဲ့ တပ်ခွဲမှူး ဦးစိုးမိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဆိုလာနဲ့ အားသွင်းထားတဲ့ ဘက်ထရီအိုးပေါက်ကွဲတာကနေစပြီးလောင်တယ်လို့ သိရပါတယ်။ မီးစလောင်တာက ၉ နာရီ၊ ကျနော်တို့ဆီအကြောင်းကြားချက်ရတော့ ၉ နာရီ ၁၅ မိနစ်၊ ကြားကြားချင်း မြို့နယ်မီးသတ်က မီးသတ်ကား ၄ စီးနဲ့ သွားငြှိမ်းပါတယ်။ အဲဒီရွာက တန့်ယန်းနဲ့ ၄ မိုင်ကျော်ဝေးပြီး လမ်းခရီးက မြေသွားလမ်းဆိုတော့လေ။  မိုးရာသီလည်းဖြစ်တော့ သွားရခက်ပြီး အဲဒီနေရာကိုရောက်ဖို့ နည်းနည်းကြန့်ကြာတယ်ခင်ဗျ။ ဟိုရောက်တော့ ကျောင်းတိုက်က တော်တော်ကြီး လောင်နေပါပြီ။ ကျနော်တို့လည်း ဘေးနားက အဆောက်အဦတွေ မီးဆက် မကူးအောင် ထိန်းသိမ်းခဲ့ပါတယ်။ ည ၁၀ နာရီကျော်မှာ မီးအားလုံးငြိမ်းသွားပါတယ်”

မီးလောင်သွားတဲ့ ဘုန်းကြီးကျောင်းမှာ သွပ်မိုးပျဉ်ကာ ခြေတံရှည်ကျောင်း တိုက်ဖြစ် ကြောင်း၊ အထဲမှာ ဘုရားဆင်းတုတော်နဲ့ ကျောင်းပရိဘောတွေ အကုန်ပါသွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၆ သိန်း ခန့်မှန်းတယ်လို့ သူကဆက်ပြောပါတယ်။ 

အဆိုပါ ကျောင်းတိုက်မှာ ရဟန်း ၁ ပါး၊ ကိုရင် ၉ ပါး သီတင်းသုံးနေပြီး  မီးလောင်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူတာမရှိသေးပါဘူး ။ 

ဓာတ်ပုံ - တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013