DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူပေါင်း ၄၀၀ ကျော် ရွှေ့ပြောင်းနေရ
DVB
·
July 16, 2019
ရေစကြိုမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် လူပေါင်း ၄၀၀ ကျော် ရွှေ့ပြောင်းနေရ
1 / 9
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ချင်းတွင်းမြစ်ကမ်းပါးပြိုကျလို့  ဇူလိုင် ၁၄ ရက်နေ့အထိ ကျေးရွာ ၈ ရွာရှိ အိမ်ခြေစုစုပေါင်း ၇၈ လုံး၊ လူဦးရေ ၄၀၀ ကျော် ပြောင်းရွေ့နေထိုင်နေရတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာန သိရပါတယ်။

ကွေးတောက်ကျေးရွာ၊ နွယ်နီကျွန်းကျေးရွာ၊ ပခန်းငယ် ကျေးရွာ၊ ချင်းယားကျေးရွာ၊ ဗလဗကျေးရွာ၊ ချစ်သူရွာကျေးရွာ၊ အောင်ပန်းချောင်းကျေးရွာ၊ ငါးလန့်ကျေးရွာတို့မှာ မြစ်ကမ်းပါးပြိုကျခဲ့တာပါ။

ရေစကြိုမြို့နယ်ဟာ နှစ်စဉ်ကမ်းပြိုတဲ့ဒဏ်ကို မကွေးတိုင်းထဲမှာ အများဆုံးခံနေတဲ့ ဒေသဖြစ်တယ်လို့ ရေစကြိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“ရေစကြိုက ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်ကြီးနှစ်မြစ် အကြားမှာရှိနေတော့ မြေနုကျွန်းတွေ လည်း ဖြစ်တဲ့အတွက် နှစ်စဉ်ကမ်းပြိုတဲ့ဒဏ်ကို အများဆုံးခံကြရတာပါ။ သူက ရေစတက်တဲ့ အချိန်မှာတခါပြိုတယ်။ နောက်ရေ ကျတဲ့အချိန်မှာ တခါပြိုတယ်။ ရေပြည်လျှံရင်တော့ မပြိုတော့ဘူး။ အဲလိုအတက်အကျ နှစ်ချိန်က ကြောက်စရာကောင်းတာပါ။ တကယ်ပြိုရင် ပေငါးဆယ် တရာက နာရီပိုင်းလေးပဲ ကြာတယ်။”

 နှစ်စဉ်လည်း မကွေးတိုင်းဒေသကြီးရဲ့ ကမ်းပြို ထိန်းသိမ်းကာကွယ်ရေး ဘတ်​ချက်​​ငွေရဲ့ တ၀က်က ရေစကြိုမြို့နယ်က သုံးနေရပေမယ့် ဒီနှစ်ဆိုရင် အသစ်လုပ်နိုင်တာနဲ့ ပြင်ထိန်းလုပ်တာ ၆ နေရာလောက်လုပ်နေပေမယ့်လည်း နောက်ထပ် ၈ ရွာလောက် ကျန်နေသေးတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန် က ပြောပါတယ်။

သတင်း- ကိုလင်း(​ချောက်​)၊ ဓာတ်​ပုံ - ဦးညီညီ​အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013