DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် မိုးခေါင်နေသဖြင့် မနှင်းဆီနတ်ပင့်ပြီးမိုးခေါ် (ဓာတ်ပုံ)
DVB
·
July 16, 2019
မိုးညှင်းမြို့တွင် မိုးခေါင်နေသဖြင့် မနှင်းဆီနတ်ပင့်ပြီးမိုးခေါ် (ဓာတ်ပုံ)
1 / 11
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နမီးစုရပ်ကွက်မှာ  ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီမှာ မနှင်းဆီနတ်ပင့်ပြီး မိုးခေါ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မိုးညှင်းမြို့မှာ တလကျော်မိုးမရွာပဲ မိုးခေါင်နေတဲ့အတွက်  မိုးရေခံလယ်မြေတွေဖြစ်တဲ့ ပင်းဟဲအရှေ့ကွင်း၊ ဟဲလုံကွင်း၊ ဘီလူးကွင်းတချို့ ပျိုးသက်လွန်ကာ စိုက်ပျိုးမရတာကြောင့် ရိုးရာမပျက် မနှင်းဆီနတ်ခေါ်ပွဲ ကျင်းပရတာပါ။

မနှင်းဆီနတ်ခေါ်ပွဲကို ရပ်ကွက်ထဲက သီလရှိသူ အသက်ကြီးရွယ်အိုအမျိုးသမီးတွေက ခြင်းတောင်းတလုံးကို အမျိုးသမီးတဦးကဲ့သို့ ဝတ်ဆင်ပန်းပန် အမွေးနံ့သာတွေလိမ်းချယ်ကာ ငှက်ပျောအုန်းပွဲနဲ့ ဆန်တွေကျဲပြီး လမ်းလေးဆုံအရပ်မှာ ဖျာခင်းကာ မနှင်းဆီနတ်ကို ပင့်ကြပါတယ်။

မနှင်းဆီနတ်ဝင်လာပါက မှန်ရှေ့မှာ ယိမ်းနွဲ့ကခုန်ပြီး အမျိုးသမီးတွေ ဝိုင်းထိန်းကာ နီးစပ်ရာရေချောင်းထဲမှာ မိုးခေါ်သီချင်းနဲ့ ရေကစားကြတာဖြစ်ပါတယ်။ 

မနှင်းဆီနတ်ရေမှာ ကြာကြာပျော်ပါက မိုးနီးပြီး ရေမှာ မပျော်ပါက မိုးဝေးဦးမယ်လို့ ယုံကြည်ကြပါတယ်။ 

မနှင်းဆီနတ်ပင့်မိုးခေါ်ပွဲကို ၃ ရက်ဆက်တိုက် ပြုလုပ်မယ်လို့သိရပြီး ဇူလိုင် ၁၄ ရက် ကလည်း မိုးညှင်းမြို့ပေါ်မှာ ဆရာတော်သံဃာတော်တွေ စုပေါင်းပြီး မိုးရွာအောင် ငါးရံ့မင်းပရိတ်ရွတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

အခုလို ရိုးရာမပျက်မိုးခေါ်ပွဲကိုပြုလုပ်ရတဲ့အတွက် မိုးခေါင်တဲ့နှစ်တွေမှာ လယ်သမားတွေ ရေရအောင် အချိန်မီ မိုးရွာလာမယ်လို့ ယုံကြည်ကြကြောင်းဒေသခံတွေက ပြောပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013