DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် H1N1 ကြောင့် ၂ ဦးသေဆုံး၊ ရောဂါဖြစ်သည့် ဒေသများကို စောင့်ကြည့်
DVB
·
July 15, 2019
အင်္ဂပူတွင် H1N1 ကြောင့် ၂ ဦးသေဆုံး၊ ရောဂါဖြစ်သည့် ဒေသများကို စောင့်ကြည့်
Donate to DVB

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ နှစ်ဦးထိ ရှိလာပြီး ရောဂါဖြစ်ပွားသေဆုံးတဲ့ ဒေသတွေကို ကျန်းမာရေးဌာနက အရေးပေါ်အခြေအနေနဲ့ စောင့်ကြည့်နေရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဇူလိုင် ၄ ရက်က ရောဂါပိုးသံသရာရှိသူ ၃၅ ဦးကို စစ်ဆေးခဲ့ရာ ၁၇ ဦးမှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့တာပါ။

အင်္ဂပူမြို့နယ်(ပြည်သူ့ကျန်းမာ) ကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာမင်းကျော်သူအောင်က "H1N1 ရောဂါကြောင့် သေဆုံးသူနှစ်ဦးအထိ ရှိလာပါပြီ။ ဖြစ်တာကတော့ အင်္ဂပူမြို့နယ်ထဲက ကွင်းကောက်ဒေသထဲရှိ ကျွန်းတောစုက ၃၄ နှစ် တဦး၊ နောက်ချင်းစုက ၉ လကလေးတဦး သေဆုံးတာပေါ့။ ခုလက်ရှိအခြေအနေတွေကတော့ အဲအနီးအနားရွာတွေကို စောင့်ကြည်နေရ တယ်။ ပြည်သူတွေ ပါဝင်မှုလည်းနည်းတော့ စိုးရိမ်နေရတယ်။ ရမ်းကုတွေလည်းပေါတော့ ရောဂါဖြစ်တဲ့သူတွေ မျက်ခြည်ပြတ်သွားမှာစိုးရိမ်နေရတယ်ဗျ” လို့ ပြောပါတယ်။

ဒီနေ့အထိ ဟသာင်္တမြို့နယ်မှာ ၁ ဦး၊ မြန်အောင်မြို့နယ်မှာ ၁ ဦးတွေ့ရှိပြီး ဟသာင်္တခရိုင်ပြည်သူ့ဆေးရုံတင်ကုသမှု ခံနေရပါတယ်။

အင်္ဂပူမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်ကတော့ "လက်ရှိကျနော်လည်း အစိုးရကို တင်ပြထားတယ်။ ရပ်ကျေးအဆင့်တွေက အုပ်ချုပ်ရေးမှူးတွေကို စာထုတ်ထားပါတယ်။ နေ့စဉ် အခြေအနေတွေကို စာတင်ခိုင်းထားပါတယ်။ ပြီးတော့ ကျန်းမာရေးဦးဌာန ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်"လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်အတွင်းက ကွင်းကောက်ဒေသကျေးရွာတွေနဲ့ ထန်းပင်ကုန်းအုပ်စုက ကျေးရွာတွေကို စောင့်ကြည့်နေကြပါတယ်။ 

ရာသီတုပ်ကွေး H1N1 ကြောင့် မြန်မာတနိုင်ငံလုံးမှာ ဇူလိုင် ၁၄ ရက်နေ့အထိ သေဆုံးသူ ၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေက ရန်ကုန်တိုင်းမှာ ၃၈ ဦး၊ ဧရာဝတီတိုင်းမှာ ၄ ဦး၊ ပဲခူးတိုင်းမှာ ၂ ဦး၊ စစ်ကိုင်းတိုင်းမှာ ၂ ဦး နဲ့ မွန်ပြည်နယ်မှာ ၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ H1N1 ရောဂါပိုး သံသယလူနာအဖြစ် စစ်ဆေးသူ ၆၅၇ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရသူ ၂၆၅ ဦး ရှိပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013