DVB Logo
Home
မြန်မာသတင်း
မြို့ ၄ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်၊ သတိပြုနေထိုင်ကြရန် အကြံပြု
DVB
·
July 15, 2019
မြို့ ၄ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်၊ သတိပြုနေထိုင်ကြရန် အကြံပြု
Donate to DVB

ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ ခန္တီး စတဲ့ မြို့ ၄ မြို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့ မွန်းလွန် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်လောက် ဆက်လက်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ကသာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက်  ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေလောက် ဆက်လက်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဒါကြောင့် ရွှေကူမြို့နယ်၊ ကသာမြို့နယ်နဲ့ ခန္တီးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013