DVB Logo
Home
မြန်မာသတင်း
စစ်တွေ စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှု စွပ်စွဲခံထားရသူ ၃ ဦးလွတ်မြောက်၊ ၁ ဦးကို စွဲချက်တင်
DVB
·
July 15, 2019
စစ်တွေ စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှု စွပ်စွဲခံထားရသူ ၃ ဦးလွတ်မြောက်၊ ၁ ဦးကို စွဲချက်တင်
1 / 3
Donate to DVB

စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တဦး လုပ်ကြံခံလိုက်ရတဲ့အမှုတွဲမှာ သံသယနဲ့ ဖမ်းဆီး ခံထားရတဲ့ထဲက ရခိုင်လူငယ် ၃ ဦးကို ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးက လွှတ်ပေးလိုက်ပြီး ကျန်တဦးကိုတော့ လူသတ်မှုပုဒ်မနဲ့ စွဲချက်တင်လိုက်ပါတယ်။

လွတ်မြောက်လာသူတွေကတော့ ကိုအောင်ဇော်လင်း၊ ကိုမေယုထွန်းနဲ့ ကိုခိုင်ဘိုဘိုတို့ဖြစ်ပြီး ကိုရဲဇော်ကတော့ စွဲချက်တင်ခံခဲ့ရပါတယ်။ 

စစ်ဆေးထားသမျှရလဒ်တွေအရ ၃ ဦးမှာ စွဲချက်တင်ဖို့ အကြောင်းမရှိဘူးဆိုပြီး လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်တဦးကတော့ ဖြေရှင်းဖို့ အကြောင်းအရာ ပေါ်ပေါက်တဲ့အတွက် စွဲချက်တင်ခံရတာလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

တရားလိုသက်သေ ၃၂ ယောက်တင်ထားတဲ့အနက် ၁၇ ယောက်ကို စစ်ဆေးလို့အပြီးမှာ သံသယနဲ့ ဖမ်းဆီခံရတဲ့ ၄ ယောက်အထဲက ၃ ယောက်ကို အခုလို လွှတ်ပေးလိုက်တာပါ။

လက်ရှိစွဲချက်တင်ခံထားရတဲ့ ကိုရဲဇော်အမှုမှာတော့ သူအပါအဝင် ခံပြသက်သေ ၆ ဦးကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့ ဒေါ်အေးနုစိန်ကပြောပါတယ်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ဖိုးလုံး လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ရခိုင်လူငယ် ၄ ဦးကို လူသတ်မှု ပုဒ်မ ၃၀၂/၃၄ နဲ့ စစ်တွေခရိုင် တရားရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က အမှုစွဲတင်ခဲ့တာပါ။ အမှုစွဲတင်ခံရသူလေးဦးထဲမှာ ရဲအာမခံနဲ့ လွှတ်ပေးထားတဲ့ အောင်ဇော်လင်း၊ မေယုထွန်းနဲ့ ခိုင်ဘိုဘိုတို့လည်း ပါဝင်ခဲ့ပြီး သူတို့ ၃ ဦးကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်ဖမ်းဆီး အမှုစွဲတင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆေးရုံကို ပို့ဆောင်တုန်း အသွားလမ်းမှာ သေဆုံးခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013