DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့် မြန်မာ ၅၇ ဦး ဖမ်းမိ 
DVB
·
July 15, 2019
ထိုင်းတောင်ပိုင်းတွင် မလေးရှားသွားမည့် မြန်မာ ၅၇ ဦး ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာပြီး မလေးရှားနိုင်ငံဘက် ဆက်သွားမယ့် မြန်မာ ၅၇ ဦးကို ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ work point news  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ အမျိုးသမီးနှင့်ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ နဲ့ ဒေသခံအာဏာပိုင်တွေပါ ပါဝင်သော ပူးပေါင်းအဖွဲ့ ၇ ဖွဲ့က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ဟတ်ယိုင်မြို့နယ် ခွမ်းလန်ကျေးရွာ အုပ်စု ရပ်ကွက် ၃ အနုဆွန်လမ်းထဲရှိ ခြံတခြံကို ၀င်ရောက်စစ်ဆေးကာ တရားမ၀င်နေထိုင်သူ မြန်မာ ၅၇ ဦးနဲ့ အသက် ၄၀ ရွယ်ရှိ မြန်မာအစောင့် ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

အဆိုပါ ခြံကြီးမှာ သော့ခတ်ထားသလို အထဲကလှုပ်ရှားမှုတွေ အပြင်ကနေ မမြင်နိုင်အောင် နေကာစ အနက်ရောင်တွေနဲ့ ပိတ်ထားကြောင်း၊ ဒါကြောင့် တာဝန်ရှိသူတွေက တံခါးသော့ကို ရိုက်ချိုးပြီး အထဲကို ၀င်သွားရတယ်လို့ ဆိုပါတယ်။ 

ခြံထဲက အိမ်တလုံးမှာ ကြပ်တည်းစွာနေနေကြတဲ့ မြန်မာအမျိုးသား အမျိုးသမီး စုစုပေါင်း ၅၇ ဦးနဲ့အတူ တံခါးသော့ကိုင်တဲ့ အသက် ၄၀ ရွယ် မြန်မာ ၁ ဦးကိုပါ ဖမ်းဆီးရမိကြောင်း၊ စစ်ဆေး မေးမြန်းချက်အရ  သူတို့တွေဟာ မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် အဲဒီနေရာမှာ လာစောင့်ဖို့ ပွဲစားတွေက လာပို့ထားတာလို့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ 

အဆိုပါနေရာမှာ စောင့်ဆိုင်းစဉ် စကားကျယ်ကျယ်မပြောရ၊ အပြင်မထွက်ရ၊ ဘယ်မှ မသွားနိုင်အောင် အစောင့်က အပြင်ကနေ သော့ခတ်ထားကြောင်း၊ အဲဒီနေရာဟာ မလေးရှား သွားမယ့်လူတွေကို ခဏလာထားထားတဲ့နေရာဖြစ်ပြီး ဒီလိုလာလာထားတာ ၇ လ ရှိပြီ ဖြစ်ကြောင်း၊  လူကုန်ကူးအဖွဲ့ဝင်တွေ အရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ တာဝန်ရှိ သူက သတင်းထောက်ကို ပြောသွားပါတယ်။  

ဓာတ်ပုံ - workpointnews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013